ပြင်သစ်နိုင်ငံမှာ နှင်းပြိုကျမှုကြီးကြောင့် ကိုးဦးဒဏ်ရာရပြီး သေဆုံးသူများလည်းရှိ

//s9.kh1.co/a9/a905801460a6d5f09f3a1c72b24e458274f23590.jpg
နေ့စဉ်သတင်းများ

 ၁၀-ပြီ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာကြီးပူနွေးလာလို့ ခုလိုဖြစ်တာလားမသိဘူး....

ပြင်သစ်အဲလ်ပ်စ်ရှိ Mont Blanc အနောက်တောင်ဘက်မှာ နှင်းထုပြိုကျမှုကြောင့် လူလေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin ရဲ့အဆိုအရ Armancette ရေခဲမြစ်ပေါ်မှာ နေ့လယ်ပိုင်းတုန်းက နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

https://s9.kh1.co/__image/w=549,h=309,q=100/b6/b65ae91cfed33708ef9df559025daf0722a5f6b6.webp

တောင်တန်းများပေါ်မှာ နှင်းလျှောစီးနေစဉ် နှင်းပြိုကျမှုကြောင့် သေဆုံးသွားသူလေးဦးကို ပြန်လည်ရှာတွေ့ခဲ့ပါတယ်။ ဘယ်သူတွေလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/40/40146ef92446a255ab9463a6b0149fde71f4ba26.jpg

Armancette ရေခဲမြစ်ဟာ Mont Blan ရဲ့ ခြေရင်းရှိမြို့ငယ်လေးဖြစ်တဲ့ Chamonix ရဲ့အနောက်တောင်ဘက် 30 ကီလိုမီတာအကွာမှာရှိပြီ Haute-Savoie ဒေသမှာ အမြင့် ၃၅၀၀ မီတာဝန်းကျင်တည်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/75/75b32e70bc867132129e2248c3bc24095b322d3f.jpg

နှင်းပြိုကျမှု ဧရိယာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ နှင်းပြိုကျမှု အရွယ်အစားမှာ ၁၀၀၀ မီတာ (၃၂၈၀ ပေ) အရှည်နှင့် ၁၀၀ မီတာ (၃၂၈ ပေ) ကျယ်တယ်လို့လည်း သိရှိရတယ်။ ကမ္ဘာကြီးပူနွေးလာပြီလား။

https://s9.kh1.co/__image/w=546,h=252,q=100/4c/4c9ae6e3e1e7972b4ad9cb288cd00be984f1f7d8.png

သတင်း အရင်းအမြစ် Hindustan Times

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T