၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က လွတ်လပ်ရေးပေးခဲ့ပါတယ်၊ အတုအယောင် လွတ်လပ်ရေးမျှသာ ဖြစ်ကြောင်း ထင်ရှားပြီး ထိုခေတ်က အဓိပတိဒေါက်တာ ဘမော် အစိုးရအဖွဲ့တွင် သခင်နု(နောင်တွင်နိုင်ငံတော်ဝန်ကြီးချုပ်) နိုင်ငံခြားရေးဝန်ကြီး အဖြစ် အမှုထမ်းရပါတယ်။ ဂျပန်ခေတ် နိုင်ငံခြားရေးရုံးဟာ အမှတ်၈၈၊ ပြည်လမ်း၊ အင်းလျားကန်ဘေး တွင်တည်ရှိခဲ့ပါတယ်။

ဂျပန်ခေတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အင်္ဂလိပ်စာ ပါမောက္ခဦးမျိုးမင်း၊ ဦးထင်ဖတ်(မောင်ထင်)၊ တက္ကသိုလ်ထင်ကြီး၊ သခငြျ်ာပါမောက်ခဦးဘတုတျ၊ ဆရာဦးခင်မောင်လတ် တို့ဟာ အထက်တန်းအရာရှိကြီးများ ဖြစ်ကြပါတယ်၊ ဂျပန်ခေတ်က နိုင်ငံခြားရေးဝန်ကြီး နာမည်ဖြင့် ဧည့်ခံပွဲများ တည်ခင်းရာတွင် သုံးသည့် ဖိတ်စာများ တသွေးတသံအမိန့် ဟု မြန်မာစာတမ်း ရိုက်နှိပ်ထားခဲ့ပါတယ်။ ထိုခေတ်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးကိုယ်တိုင် မည်သည့်တန်ခိုးအာဏာ မျှမရှိခဲ့ပုံကို သခင်နုက "ငါးနှစ်ရာသီဗမာပြည်" စာအုပ်တွင် ထည့်သွင်းရေးထားပါတယ်။

နိုင်ငံခြားရေး ၀နျကွီးဟာ ရုံးတက်ရန် ကားစီးသွားခဲ့ပါတယ် ယာဉ်မောင်းတပည့်ကျော်က ဆရာ့ဂုဏ်ကို မြှင့်ပေးချင်ပြီး ဂျပန်စစ်သားများ နှောင့်ယှက်မှုကို ကြိုတင်ကာကွယ်ထားချင်ခဲ့ပါတယ် နိုင်ငံခြားရေးဝန်ကြီး စီးလာသည့် ကားဖြစ်ကြောင်း ဂျပန်တို့သိရှိစေ ရန် ကားတွင်အလံတလူလူ လွှင့်ထားခဲ့ပါတယ် ပြည်လမ်း အင်းလျားကန်ဘေးရှိ နိုင်ငံခြားရေးဝန်ကြီဌာန ရှိရာသို့ ကမာရွတ် လှည်းတန်းရဲစခန်းရှိ ရာသို့ကမာရှတျ လှည်းတန်းရဲစခန်းအနီးမှ ဖြတ်မောင်းသွားခဲ့ပါတယ်။

ဒါပေမ့ယ် ဂျပန်စစ်ရဲများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ဂျပန်စကားအနည်းအကျဉ်း ပြောတတ်သူက ကားထဲမှ ပုဂ္ဂိုလ််မှာ နိုင်ငံခြားရေးဝန်ကြီး သခင်နုဖြစ်ကြောင်း ရှင်းပြပါတယ် ကားကိုဆက်မောင်းခွင့်မပေးဘဲ ရပ်ခိုင်းထာ ပြီး မြန်မာဝန်ကြီး တစ်ဦး တန်ခိုးအာဏာ မရှိပုံမှာ ထင်ရှားနေတော့တယ် နောက်ဆုံးတွင်မှ ကားကိုဆက်မောင်းခွင့်ပေးလိုက်ပါတယ်။
သိလိုက်သူများ၏ အဆိုအရ ဂျပန်ခေတ်တစ်ခေတ်လုံးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် အင်းလျား ကန်ကြီး နံဘေးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ရုံးမှန်မှန်တက်ခဲ့ပါတယ် အလံတလူလူ ကားကြီးကိုစီးလျက် ကမာရွတ်ဂတ်ရှေ့မှ ဖြတ်သန်းသွားလာခြင်းကိုမူ လုံးဝမပြုတော့ချေ။ နိုင်ငံခြားရေးဝန်ကြီး သခင်နု ရုံးတက်ရန်ဖြစ်စေ၊ ရုံးဆင်းရန်ဖြစ်စေ၊ လှေတစ်စီးစီးလျက် အင်းလျားကန်ကြီးကို ဖြတ်ကျော်သွားလာနေခဲ့တာဆိုတာတော့ အမှန်ပင်....။





