မြောင်းမြမြို့မှာ သင်္ဘောတစ်စီး မီးလောင်မှုကြောင့် ခရီးသည် (၃) ဦး ဒဏ်ရာအပြင်းအထန်ရရှိ

//s9.kh1.co/24/24e190aa9e269693f8db223437d76c46097f88e2.jpg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဧရာဝတီတိုင်း ၊ မြောင်းမြမြို့ ၊ ရွေးမြစ်အတွင်း ..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

လတ်တလောမှာ ရုံးပိတ်ရက်တွေ စတင်ပြီမို့ နယ်ပြန်သူ ၊ အိမ်ပြန်သူတွေများလာကြပါပြီ။ အဲ့သလို ခရီးသွားတွေ များလာတဲ့ကာလဖြစ်တဲ့ ယမန်နေ့ ဧပြီလ(၇)ရက်နေ့ ၊ ညဘက်က ဧရာ၀တီတိုင်း၊ မြောင်းမြမြို့ ရွေးမြစ်အတွင်း သင်္ဘောတစ်စီး မီးလောင်ပြီး ပါလာတဲ့ ခရီးသည် (၃) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိခဲ့ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ သင်္ဘောမီးလောင်တဲ့ ဖြစ်စဉ် ဟာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ ရွေးမြစ်(မြောင်းမြ)မြစ်အတွင်း ယမန်နေ့၊ ဧပြီလ (၇) ရက်နေ့ ၊ ည (၇) နာရီအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မြောင်းမြမြို့ကနေ ကံဘဲ့ရွာကိုပြေးဆွဲနေတဲ့ တင်ဌေးဦး အမည်ရှိတဲ့ သင်္ဘောမီးလောင်မှုဖြစ်ခဲ့တာလို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါ တင်ဌေးဦး အမည်ရ သင်္ဘော မီးလောင်မှုကြောင့် အမျိုးသား(၂)ဦး ဟာ မစိုးရိမ်ရတဲ့အနေအထားနဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး( ၁)ဦး က တော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် သစ္စာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T