လူ ၁၂ ဦးထက်မနည်းကို အဆိပ်ခတ်သတ်ပြီး အိမ်ခြံဝန်းထဲမှာ မြှုပ်ထားတဲ့ အင်ဒိုနီးရှား နတ်ဆရာ

//s9.kh1.co/35/3529c2133b83ffed9c826533fb479fa92bc5bebb.jpg
နေ့စဉ်သတင်းများ

 ၀၈-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လူ ၁၂ ဦးထက်မနည်းကို အဆိပ်ခတ်သတ်ပြီး အိမ်ခြံဝန်းထဲမှာ မြှုပ်ထားတဲ့ အင်ဒိုနီးရှား နတ်ဆရာ

အင်ဒိုနီးရှားနိုင်ငံက နတ်ဆရားတစ်ဦးရဲ့ နေအိမ်ခြံဝန်းထဲမှာ မြှုပ်ထားတဲ့ ရုပ်အလောင်း ၁၂ လောင်းထက်မနည်းကို တွေ့ရှိခဲ့ပြီး နတ်ဆရာကလည်း သူသတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ နတ်ဆရာ Slamet Tohari ဟာ လူတွေကို မှော်အစွမ်းနှင့် ငွေတွေပွားပေးမယ်ဆိုပြီး အယုံသွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူပြောတဲ့အတိုင်းဖြစ်မလာခဲ့တဲ့အတွက် ပေးထားတဲ့သူတွေက ငွေတွေပြန်လာတောင်းတဲ့အခါ အဆိပ်ခတ်သတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - saudigazette
Photo Credit - saudigazette

ယခုနောက်ဆုံး သေဆုံးသူဟာ Paryanto ဖြစ်ပြီး မတ်လ ၂၄ ရက်ကတည်းက မိသားစုနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ပါတယ်။ တကယ်လို့ မတ်လ ၂၆ ရက်နေ့မှ သူ အိမ်ပြန်မရောက်ရင် ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ပါဆိုပြီး Paryanto က သူ့သားကို WhatsApp ကနေ မက်ဆေ့ ပို့ခဲ့တယ်။ သူ့ရဲ့ နောက်ဆုံးတည်နေရာက Tohari ရဲ့ နေအိမ်ဖြစ်နေခဲ့ပါတယ်။

Photo Credit - saudigazette
Photo Credit - saudigazette
Photo Credit - saudigazette
Photo Credit - saudigazette

အဲ့ဒီနောက် သားဖြစ်သူဟာ ရဲတွေကို သွားရောက်တိုင်ကြားပြီး သွားရောက်ရှာဖွေကြည့်တဲ့ အခါမှာ နတ်ဆရာရဲ့နေအိမ် ခြံဝန်းမှာ မြှုပ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာဖြစ်ပါတယ်။ အချို့တွင်းတွေဆိုရင် ရုပ်အလောင်းတွေကို ၂ လောင်း၊ ၃ လောင်းကို အတူတူ မြှုပ်ထားတာတွေ့ရသလို တွင်းတစ်ခုစီမှာလည်း ဓာတ်သတ္တုရေတစ်ပုလင်းကိုလည်း တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူတွေကတော့ အသက် ၂၅ နှစ်ကနေ ၅၀ ကြားအရွယ်ရှိသူတွေလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

Photo Credit - saudigazette
Photo Credit - saudigazette

သတင်း အရင်းအမြစ် Source- saudigazette

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T