Instagram မှာ Follower အများဆုံး Celebrity များ..

//s9.kh1.co/b0/b0c2f394b6ae424cda85fc9b8726e7e75ab6c844.jpg
MPT Lifestyle

 ၀၇-ပြီ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

ဘယ်သူတွေကို follow ထားလဲ..။

Instagram ဟာ ကမ္ဘာတစ်ဝှမ်းလူသုံးအများဆုံး Social Media platform တွေထဲက တစ်ခုဖြစ်ပါတယ်။ Celebrity တွေ မဖြစ်မနေအသုံးပြုရတဲ့ platform တစ်ခုဖြစ်ပါတယ်။ ဒီ platform ထဲက Follower အများဆုံး Celebrity (၅) ဦးကို ဖော်ပြပေးသွားပါမယ်။

Cristiano Ronaldo

https://s9.kh1.co/__image/w=650,h=650,q=100/d8/d804f5bde126ce0ad2a09652c03f39758f59c60d.jpg

Ronaldo ကတော့ ပရောဖက်ရှင်နယ်ဘောလုံသမားတစ်ယောက်ဖြစ်ပြီး Follower 573 million နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ သူဟာ ဆော်ဒီကလပ်တစ်ခုဖြစ်တဲ့ Al-Nassr FC မှာ ကစားနေပြီး ကမ္ဘာ့လုပ်ခလစာအများဆုံး ဘောလုံးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံသားဖြစ်သလို ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့လည်း Euro 2016 ကို ရယူနိုင်ခဲ့ပါတယ်။

Lionel Messi

https://s9.kh1.co/__image/w=650,h=650,q=100/72/72b8593ab7f0c2523e4fa5ab8e839b4c012591ee.jpg

Messi ဟာလည်း ပရောဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး Follower 452 million ရှိပါတယ်။ ပြင်သစ်ကကလပ် PSG မှာ ကစားနေပြီး သမိုင်းတစ်လျှောက် ရွှေဘောလုံးအများဆုံးရယူနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားကို ပူပူနွေးနွေးရယူထားခဲ့ပါသေးတယ်။

Selena Gomez

https://s9.kh1.co/__image/w=600,h=850,q=100/c8/c8c653614e8fabcd4fe65f145697ebf08d7d03c8.jpg

Selena ဟာ ပရောဖက်ရှင်နယ်အဆိုတော်တစ်ယောက်ဖြစ်ပြီး Follower 409 million ရှိပါတယ်။ ဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အလှကုန်ပစ္စည်းတွေကိုလည်း ရောင်းချနေပါတယ်။

Kylie Jenner

https://s9.kh1.co/__image/w=650,h=566,q=100/d1/d1fd698f645b4eb926da91fa7150bc0e587f25b7.png

Kylie Jenner ဟာ အမေရိကန် မော်ဒယ်နှင့် စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး Follower 386 million ရှိပါတယ်။ 

Dwayne Johnson (The rock)

https://s9.kh1.co/__image/w=650,h=864,q=100/41/41c4abb3e5fc87a506d934012366cbe54e6f6aec.jpg

WWE ဖိုက်တာတစ်ယောက်ဖြစ်ခဲ့သည့်အပြင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးထားပြီး Follower 373 million ရှိပါတယ်။ 

ဒီ Celebrity တွေထဲက ဘယ်သူတွေကို follow လုပ်ထားပြီးပြီလဲ..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T