Forbes ရဲ့ ၂၀၂၃ ထုတ်ပြန်ချက်အရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၃) ဦး...

//s9.kh1.co/a1/a14e4560a954d4568fcb3dab8c832c1a1207edea.jpg
MPT Lifestyle

 ၀၆-ပြီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၃ နှစ် က

Elon Musk နှင့် Arnault က တစ်လှည့်စီပဲ..

ကမ္ဘာမှာ Billionaire ပေါင်း ၂၆၄၀ ရှိပြီး ၊ ၎င်းတို့ထဲက ၂၅ ဦးရဲ့ ပိုင်ဆိုင်မှုဟာ $2.1 trillion တန်ဖိုးရှိကြောင်း Forbes ရဲ့ World Billionaires စာရင်းမှာ အင်္ဂါနေ့က ထုတ်ပြန်ထားပါတယ်။ 

Forbes ရဲ့ ၂၀၂၃ ထုတ်ပြန်ချက်အရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၃) ဦးကို ဖော်ပြပေးသွားပါမယ်။ 

Bernard Arnault

https://s9.kh1.co/__image/w=650,h=366,q=100/0a/0a74857789ff90401add387b761727a879ca3407.png

Bernard Arnault ဟာ ကမ္ဘာ့အကျော်ကြားဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ CEO ဖြစ်ပါတယ်။ Forbes ရဲ့ ထုတ်ပြန်ချက်အရ Arnault နှင့် သူ့မိသားစုရဲ့ပိုင်ဆိုင်မှုဟာ $211 Billion ရှိပြီး အချမ်းသာဆုံးစားရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ ယမန်နှစ်ထုတ်ပြန်ချက်မှာ $158 billion သာရှိခဲ့ပေမယ့် ဒီနှစ်မှာ $53 billion ခုန်တက်သွားခဲ့တာဖြစ်ပါတယ်။

Elon Musk 

https://s9.kh1.co/__image/w=650,h=366,q=100/76/7605bc6b76af0ceb24789f46256b6c1f89de15b1.png

Elon Musk ဟာ Twitter နှင့် Tesla တို့ရဲ့ CEO ဖြစ်ပါတယ်။ $ 180 billion နဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းရဲ့ ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ သူဟာ အရင်နှစ်က ဂရင်းနစ်စံချိန်တင် ဆုံးရှုံးမှုတစ်ခုအဖြစ် $180 billion ခန့် ဆုံးရှုံးခဲ့ပေမယ့် အမြတ်အစွန်းရအောင် အမြန်ဆုံးပြန်လည်ပြုလုပ်နိုင်ခဲ့ပါတယ်။ 

Jeff Bezos

https://s9.kh1.co/__image/w=650,h=366,q=100/ee/eec18a3c214bdd9f0b0c7d1fe6d84738e593dde7.png

Jeff Bezos ဟာ Amazon ကို စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ Forbes ရဲ့ ထုတ်ပြန်ချက်အရ ပိုင်ဆိုင်မှု $114 Billion နဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။ 

Forbes ဟာ ၂၀၂၂ က အချက်အလက်တွေအရ ထုတ်ပြန်ခဲ့တာဖြစ်တဲ့အတွက် ယခုချိန်မှာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေက အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T