ထိုင်းနိုင်ငံအရှေ့ပိုင်း နခေါ်နာယွတ်ခရိုင်၊ နခေါ်နာယွတ်မြို့နယ်၊ ဖရွမ်မနီကျေးရွာအုပ်စု နယ်မြေအတွင်းရှိ ချဖူတောင်တဝိုက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့စလို့ တောမီးလောင်ကျွမ်းများဖြစ်ပွားခဲ့တာကြောင့် ရဟတ်ယာဉ်နဲ့ပါ မီးငြှိမ်းသတ်နေရတယ်လို့ သိရပါတယ်။

တောမီးလောင်ကျွမ်းနေတဲ့ နေရာကို နယ်မြေခံမီးသတ်ကား ၅ စင်းအထိ သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် တောင်အနေအထားက မတ်စောက်နေတာကြောင့် မီးသတ်ကားများဝင်ရောက် ရန်ခဲရင်းသည့်အတွက် တောမီးလောင်ကျွမ်းဧရိယာပိုပြီး ကျယ်ပြန့်လာတာလို့ ဆိုပါတယ်။

ယမန်နေ့ကတော့ ခရိုင်သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးအဖွဲ့မှ ရေလီတာ ၅၀၀၀ ဆန့် KA -32 မီးသတ်ရဟတ်ယာဉ်အမျိုးအစားဖြင့် ရေသယ်ယူကာ ဝေဟင်မှနေ စတင်ငြှိမ်းသတ်ခဲ့ပါတယ်။

အဆိုပါ တောမီးလောင်ကျွမ်းမှုဟာ ဘယ်ကနေစတင်လောင်ကျွမ်းခဲ့သလဲဆိုတာ တိတိကျကျမသိရသေးမယ့် အချို့က မိုးကြိုးခတ်မှုကြောင့် လောင်ကျွမ်းခဲ့တာလို့ ပြောဆိုခဲ့ကြပါတယ်။ အလားတူ ချင်းရိုင်းမြို့နယ် မဲ့ယောင်းကျေးရွာနှင့်မဲ့ကွန်းကျေးရွာအနီးမှာလည်း တောမီးများလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - Mingalapar