PSG တိုက်စစ်မှူး Neymar ဟာ online casino ဂိမ်းကစားပြီး €1 million ရှုံးသွားခဲ့ပါတယ်။ အင်္ဂါနေ့က online casino ကို နှစ်နာရီကြာ တိုက်ရိုက်ထုတ်လွှင့်ကစားခဲ့ပြီး ငွေအမြောက်အများဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီလောက်ငွေတွေ ရှုံးခဲ့ပေမယ့် ဝမ်းနည်းတဲ့အရိပ်အရောင်မတွေ့ရဘဲ ရယ်စရာတွေနဲ့ တုန့်ပြန်ပေးခဲ့ပါတယ်။
Neymar ဟာ ဒဏ်ရာကြောင့် သုံးလခန့်အနားယူရမယ်လို့ PSG က တရားဝင်ကြေညာပြီးတဲ့နောက်မှာ သူ့ကိုယ်ပိုင်အချိန်တွေကို online မှာ ကုန်ဆုံးစေခဲ့ပါတယ်။ များသောအားဖြင့် online လောင်းကစားတွေမှာ အချိန်ဖြုန်းနေကြောင်းလည်းသိရပါတယ်။ Neymar ဟာ ဒဏ်ရာမရခင်ကလည်း McDonald ရဲ့ ဖဲချပ်ပြိုင်ပွဲတွေမှာ ယှဥ်ပြိုင်ကစားခဲ့ပါတယ်။

Neymar အတွက် €1 million က အရမ်းမများပေမယ့် သာမန်လူတစ်ယောက်အတွက် လွယ်လွယ်မရနိုင်တဲ့ ပမာဏတစ်ခုပါပဲ။ ဘရာဇီးသားတို့ထုံးစံအတိုင်း အောင်မြင်လာရင် အသောက်အစားအပျော်အပါးမက်တတ်ကြတာ မထူးဆန်းပေမယ့် လောင်းကစားကို အရမ်းခုံမင်သွားရင် သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဘဝပါထိခိုက်နိုင်တဲ့အတွက် မကောင်းတဲ့အကျင့်တစ်ခုလို့ပဲပြောရပါမယ်။
နေမာငွေရှုံးလို့ ခံစားနေရတဲ့ reaction လေးကို အောက်မှာဝင်ကြည့်လို့ရပါတယ်။