လာအိုတောင်တန်းပေါ်က တောမီးကြောင့် မြူခိုးနဲ့ မီးခိုးတွေ ပိတ်ဆိုင်းနေဆဲဖြစ်တဲ့ တာချီလိတ်မြို့

//s9.kh1.co/25/259dd1d64c141a7cec1d6b9b3e08456f65395c6a.jpg
နေ့စဉ်သတင်းများ

 ၃၁-မတ်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

လာအိုနယ်စပ်တောင်တန်းပေါ် တောမီးလောင်နေခဲ့တာကြောင့်...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မတ်လ (၂၃)ရက်နေ့တည်းက လာအိုနယ်စပ်တောင်တန်းပေါ်မှာ တောမီးလောင်ခဲ့တာကြောင့် ထိုင်းနိုင်ငံ ၊ မယ်ဆိုင် နံ ချင်းရိုင် ခရိုင်တွေမှာ လေထုညစ်ညမ်းမှု ဟာ အဆိုးဆုံး အနေအထားကိုရောက်ရှိနေခဲ့ရပြီး အခုအခါ ဒီခရိုင်တွေနဲ့ ကပ်လျက်ရှိတဲ့ တာချီလိတ်မြို့နယ်မှာပါ မီးခိုးနဲ့ မြူခိုးတွေ ပိတ်စို့နေသေးတယ်လို့သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မတ် (၂၃) ရက်ညနေပိုင်းတည်းက တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာကြောင့် အခုလိုမျိုး လေထုညစ်ညမ်းမှု ပိုဆိုးလာတာဖြစ်ပြီး တောမီး မကူးစက်ရလေအောင် အနီးအနားက နိုင်ငံခြားခရီးသွားတွေအလည်အပတ်များတဲ့ ဖူချုင်ဖ အမျိုးသား ဥယျာဉ်ကိုလည်း အနေအထားတွေပြန်လည်တည်ငြိမ်မှ ပြန်ဖွင့်ပေးမယ်ဆိုပြီး လာအိုဒေသဆိုင်ရာအာဏာပိုင်တွေက ပိတ်ခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

လက်ရှိ တာချီလိတ်မြို့နယ်မှာဆိုရင် လေထုညစ်ညမ်းမှုဒဏ်ကို အတော်လေးရင်ဆိုင်နေရပြီး မြို့ထဲမှာ မြူခိုး ၊ မီးခိုးတွေနဲ့ ပိတ်လှောင်နေတာကြောင့် ပြည်သူတွေအနေနဲ့အတော်လေးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ပြည်သူများရဲ့ပြောကြားချက်အရတော့ မိုးရွာမှသာ ဒီအခိုးအငွေ့တွေဟာ အမြန်ဆုံးပျောက်ကွယ်သွားနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T