ဘယ်လိုပဲ တရားဥပဒေစိုးမိုးတဲ့နိုင်ငံဖြစ်နေပါစေ ၊ သမ္မတဟောင်း ကို ရာဇဝတ်သားတစ်ယောက်လို ဖမ်းဆီးတယ်ဆိုတဲ့ ဖြစ်စဉ်ဟာ အင်မတန်ရှားပေမယ့်လည်း အမေရိကန်သမ္မတသမိုင်းမှာတော့ ဒေါ်နယ်ထရမ့် ဟာ ရာဇဝတ်သားလိုအဖမ်းခံရတဲ့ ပထမဦးဆုံး သမ္မတ တစ်ယောက်ဖြစ်လာခဲ့ပါပြီ။

ဒေါ်နယ်ထရမ့် ဟာ ရာဇ၀တ်သားတစ်ယောက်လိုကို အဖမ်းခံရပြီး ရာဇ၀တ်သားများရိုက်ခံရတဲ့ ရဲဓာတ်ပုံ ကို ပထမဦးဆုံးအရိုက်ခံရမယ့် ပထမဆုံးသမ္မတဖြစ်လာခဲ့ပါပြီ။ ဘာကြောင့်အခုလိုဖြစ်ရလဲဆိုရင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဟာ (၂၀၁၆)ရွေးကောက်ပွဲအနိုင်ရရှိချိန်၌ အပြာမင်းသမီး စတော်မီဒန်နီယယ်ကိုလျှို့ဝှက်ငွေတွေပေးခဲ့တာနဲ့ပတ်သတ်ပြီး ပြန်လည်ပေါ်ပေါက်လာခဲ့တာကြောင့်ဖြစ်ပါတယ်။

၎င်း ကိစ္စရပ်နဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ရက်တွေက ဒေါ်နယ်ထရမ့်ဟာ အဖမ်းခံခဲ့ရပါတယ်။ CNN သတင်းရဲ့ ဖော်ပြချက်အရ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဟာ စီးပွားရေးလုပ်ငန်း အတု (၃၄)ခု နှင့် ပတ်သတ်ပြီးတော့လည်း လတ်တလောမှာ စွဲချက်တင်ခံရနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
