အီကွေဒေါနိုင်ငံ Alausi မြို့ရဲ့ မြေပြိုကျမှုမှာ သေဆုံးသူ ၁၄ ဦးထိ ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၆၇ ဦးရှိနေသေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္ဂနွေနေ့က လူ ၄၅၀၀၀ ဝန်းကျင်နေထိုင်တဲ့ ဒီနေရာကို မြေကြီးတွေပြိုကျ ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီ မြေပြိုကျမှုမှာ လူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး အိမ်ခြေ ၁၆၃လုံးပျက်စီးခဲ့ရပါတယ်။အပျက်အစီးများအောက်မှာ ပျောက်ဆုံးနေသူတွေကို အသက်ရှင်လျက်ပြန်တွေ့ဖို့ မျှော်လင့်ချက်တွေနဲ့ ကယ်ဆယ်ရေးသမားတွေက ရှာဖွေမှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


တနင်္ဂနွေနေ့ မြေပြိုမှုမတိုင်မီ ယခုနှစ်အစကတည်းက အီကွေဒေါမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၂ ဦးသေဆုံးကာ နေအိမ် ၇၂ လုံး ပျက်စီးကာခဲ့ပါသေးတယ်။

သတင်း အရင်းအမြစ်៖ Source - telegraph