ဂဠုန်ဆိုတာ ကျွန်တော်တိုငယ်ငယ်ကတည်းက ကြားဖူးနားဝရှိနေတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကျမ်းဂန်တွေအရ ဘုရားရှင်လက်ထက်တော်အခါက ဂဠုန်တွေရှိခဲ့တယ်ဆိုပြီး ဘုန်းတော်ကြီးတွေ လူကြီးသူမတွေကပြောလေ့ရှိကြပါတယ်။

မြန်မာတိုရဲ့ ကိုယ်ပိုင်ပြက္ခဒိန်မှာရှိတဲ့ ၇ရက်နေ့နမ်တွေထဲ တနင်္ဂနွေကို ငဠုန်နဲ့ကိုယ်စားပြုလေ့ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာဂဠုန်ဆိုတာ ဘယ်လိုသတ္တဝါမျိုးလဲ၊ ဘယ်လောက်အရွယ်အစားရှိလဲဆိုတာ ကိုနိုင်ငံအလိုက်သူတိုရဲ့ ဒဏ္ဍာရီပေါ်မူတည်ပြီးတိတိကျကျမပြောနိုင်ကြပါဘူး။
အနောက်တိုင်းမှာတော့ နဂါးကိုကျယ်ကျယ်ပြန့်ပြန့် ပြောလေ့ရှိကြပေမယ့် ဂဠုန်နဲ့ပတ်သတ်ပြီးသိပ်မတွေ့ရပါဘူး။ ဒါပေမယ့် အရှေ့တိုင်းအာရှနိုင်ငံတွေမှာတော့ ဂဠုန်ကိုဒဏ္ဍာရီလာ အင်အားကြီးငှက်တစ်မျိုးအဖြစ်သတ်မှတ်ထားကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ သူတိုရဲ့နိုင်ငံတော်အမှတ်အသားကို ဂဠုန်အဖြစ်သုံးစွဲကြပြီး ထိုင်းနိုင်ငံဟာလည်း ထိုင့်ဘုရင့်အမှတ်တံဆိပ်အဖြစ် သုံးကြပါတယ်။ပြီးတော့လည်း ဂဠုန်နဲ့ပတ်သတ်ပြီး ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ နိုင်ငံတွေမှာပဲ တွေ့ရလေ့ရှိပါတယ်။ ဂဠုန်ဆိုတာကို သက္ကတနဲ့ ပါဠိဘာသာမှာ ဂရုနလို ခေါ်ပြီး ၃၃၀ယူဇနာအကျယ်ရှိတဲ့ အတောင်တွေပိုင်ဆိုင်ထားတဲ့ အလွန်ကြီးတဲ့ငှက်တမျိုးဖြစ်ပါတယ်။ ဟိန္ဒူဘာသာမှာတော့ ဂဠုန်တွေဟာ ဗိဿနိုးနတ်မင်းကြီးရဲ့ စီးတော်ယဉ်ဖြစ်တယ်လို ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာလည်း ဘုရားလောင်းဂဠုန်မင်းရှိခဲ့ဖူးတယ်လို ဖော်ပြထားပါတယ်။

ဒါကြောင့် ဂဠုန်ဆိုတာ ဟိန္ဒူဘာသာရဲ့ အယူအဆဖြစ်ပါတယ်။ အချို့ကလည်း ဂဠုန်တွေဟာ ဒီနေ့အချိန်ထိလူတွေမမြင်ရတဲ့ နေရာမှာရှိနေသေးတယ်လို ယူဆနေသူတွေရှိပြီး။ အချို့ကလည်း ဂဠုန်ဆိုတာ ဒဏ္ဍာရီသက်သက်သာဖြစ်ပြီး ရှိခဲ့မယ်ဆျုရင်တောင် သိမ်းငှက်တို လင်းယုန်တိုသာဖြစ်နိုင်တယ်လိုဆိုထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာရဲ့ကျမ်းဂန်တွေအရတော့ ဂဠုန်တွေတည်ရှိမှုနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိနေဆဲဖြစ်ပါတယ်။