မြန်မာ့စာပါးအုံးမြွေကြီးလို့ တင်စားခေါ်ဝေါ်ထားတဲ့ Aung La N Sang ဟာ မေလ ၅ ရက် အမေရိကန်မှာ တရုတ်ဖိုက်တာကြီး Fan Rong နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ ဒီပွဲဟာ အမေရိကန်မှာကျင်းပမယ့် ပထမဆုံး One Championship ပြိုင်ပွဲဖြစ်ပါတယ်။

Aung La N Sang ကတော့ ဒီပြိုင်ပွဲအတွက် အကောင်းဆုံးယှဥ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပြီး ပြင်းထန်တဲ့လေ့ကျင့်မှုတွေလည်းပြုလုပ်ထားကြောင်းသိရပါတယ်။ သူ့တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာလည်း "ဒီပွဲဟာ အမေရိကန်ပြည်ထောင်စုမှာ One Championship ပထမဆုံးပွဲပါ။ First impression က အရမ်းအရေးကြီးတယ်" ဆိုပြီး ပရိသတ်တွေကို သတင်းကောင်းပါးခဲ့ပါတယ်။ Aung La သာ ပထမဆုံး One Championship ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် မြန်မာပရိသတ်တွေရဲ့ အားပေးမှုတွေသာမက တစ်ကမ္ဘာလုံးရဲ့ အားပေးမှုကို ရရှိနိုင်ပါတယ်။

Aung La N Sang ဟာ Middle Weight နှင့် Light Heavy Weight နှစ်ထပ်ကွင်းချန်ပီယံဟောင်းဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီချန်ပီယံဆုတွေကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။ သူဟာ မြန်မာပရိသတ်တွေရဲ့ Hero ကြီးတစ်ယောက်လည်းဖြစ်ပါတယ်။ မေလ ၅ ရက်မှာ အကောင်းဆုံးထိုးချက်တွေနဲ့ အနိုင်ရပါစေ..။