ငါးနဲ့ကန်စွန်းရွက်ချဉ်ရေ ဟင်း ချက်စားကြမယ်
ကန်ရွက်ရွက်နုနု လေးတွေကို မန်းကျည်ရည်လေးနဲ့ ချဉ်ချဉ် လေး ချက်မယ်၊ ငပိရည်တို့စရာ အစုံ ခင်းထားပြီး ၊ ကြက်ဥလေး အပွကြော်လိုက်မယ်…
ဒါဆိုရင်တော့ ထမင်းတစ်အိုးလုံး ကောင်းလောက်သည်ထိ ကို စားကောင်းနေမှာနော်
ပါဝင်ပစ္စည်းများ

ကန်စွန်းရွက်(မြန်မာကန်စွန်း၊ ထိုင်ဝမ်ကန်စွန်းရွက်၊လယ်ကန်စွန်း) ၊ ကြက်သွန်ဖြူ၊ ငပိစိမ်းစား၊ ငံပြာရည်၊ အချိုမှုန့် ၊ ငရုတ်သီးစိမ်း ၊ မန်းကျည်းရည် ၊ နံနံပင်
ချက်ပြုတ်ပုံအဆင့်ဆင့် ကန်ဇွန်းရွက်ကိုချွေထားပါ
ကြက်သွန်နီဖြူကိုညက်အောင်ထောင်း
ကန်စွန်းရွက်ထည့်
ထောင်းထားတာထည့် ငပိစိမ်းစားထည့် ငရုတ်သီးအစိမ်းမှုန့် ငံပြာရည် အချိုမှုန့် ငရုတ်သီးစိမ်းထည့်ပြီးတည်ထားပါ။
နွမ်းပြီဆိုမှ ရေထည့် နှစ်သက်ရာငါးကိုထည့် ပွက်ပွက်ဆူပြီဆိုမှ မန်ကျည်းသီးအရည်ဖျော်ထားတာအရည်စစ်ထည့် ထပ်ဆူပြီဆိုမှ နံနံပင်လေးအုပ် ရပြီနော်။
အရမ်းလွယ်ပြီး ရင်အေးတဲ့ မြန်မာ ပါးစပ်အကြိုက် အရည်သောက်တစ်ခွက်မလို့ အတူတူ ချက်စားကြည့်ရအောင်နော်…