သရက်သီးစိမ်းကြော် ကြော်စားကြမယ်

//s9.kh1.co/65/65d06340edfdc3f5cacc695edfd2283e5fb01083.jpg
MPT Lifestyle

 ၀၈-ပြီ-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

အရသာအရမ်းရှိပြီး ထမင်းမြိန်တဲ့ သရက်သီးစိမ်းကြော်နည်းလေးကို ပြောပြပေးချင်ပါတယ်နော်…

သရက်သီးစိမ်းကြော် ကြော်စားကြမယ်

မကြာခင်သရက်သီးတွေ ပေါလာတော့မှာဆိုတော့ သရက်သီးကိုမှ ဟင်းတစ်ခွက်လို စားချင်တဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ အရသာအရမ်းရှိပြီး ထမင်းမြိန်တဲ့ သရက်သီးစိမ်းကြော်နည်းလေးကို ပြောပြပေးချင်ပါတယ်နော်…

https://s9.kh1.co/__image/w=650,h=366,q=100/58/58e7eeebe101ef746fd789f37a4b9dd4f862f8b7.jpg

ပါဝင်ပစ္စည်းများ

သရက်သီးအစိမ်း ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီး အကြမ်းမှုန့်၊ ငံပြာရည်၊ ငပိစိမ်းစား၊ ပုစွန်ခြောက်မှုန့် ၊ ဆီအနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့် သရက်သီးစိမ်းကို ခြစ်ဖြင့် ပါးပါးလေးတွေခြစ်ထားပေးပါ။ ကြက်သွန်ဖြူနီလှီးထားပါ။ ငရုတ်သီးစိမ်းအညှာချွေထားပေးပါ။ ငပိစိမ်းစား ရေအနည်းငယ်ဖြင့်အရည်ဆဖျာ်ထားပေးပါ။

https://s9.kh1.co/__image/w=650,h=438,q=100/a2/a26f44f67843028eed4d0d80d804b7f083b85e82.jpg

လှီးထားသော ကြက်သွန်ဖြူနီကိုဆီသပ်ပါ။ ငရုတ်ကြမ်းဖက်မှုန့် နှင့် ငံပြာရည်အနည်းထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသပ်ပေးပါ။ ငရုတ်သီးစိမ်းနှင့် ငပိစိမ်းစားအရည်ထည့်ပါ။ ပြီးမှ ခြစ်ထားသောသရက်မျှင်များထည့်ပါ။ ပုဇွန်ခြောက်မှုန့် ဆား အရသာမှုန့် ထည့်ပြီး မီးအေးအေးဖြင့် ကြော်ပါ။ သရက်သီးအမျှင်ပျော့အိလာပြီဆို သရက်သီးစိမ်းကြော်ရပါပြီ။

အရမ်းစားလို့ကောင်းပြီး နွေရာသီဟင်းတစ်ခွက် အနေနဲ့ သင့်တော်တာမလို့  ချိုချိုချဉ်ချဉ် သရက်သီးကြော်လေးစားပြီး ထမင်းမြိန်ကြပါစေနော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T