နွေရာသီကို အံတုပြီး ထမင်းမြိန်ဖို့ ကရင်တာလပေါ့ ဟင်းလုပ်စားကြစို့…
ကရင်တာလပေါ့ဟင်းချို လုပ်စားကြမယ်…
ကရင်ရိုးရာတာလပေါ့ ဟင်းချို ကို မိသားစုနဲ့အတူ အဝချက်စားကြမယ်…
ပါဝင်ပစ္စည်းများ
မျှစ်စိမ်း(၁၀)သား
ငါးခူ (၁၀)သား
ဒညင်းသီး၁၀လုံး
ပုဇွန်(၁၀)ကောင်
ဆန်လှော်မှုန့်လက်တစ်ဆုပ်
ပဒဲကော

စပါးလင်တပင်
ငြုပ်သီးစိမ်း
ပင်စိမ်းတစည်း
ထန်းလျက်ခဲ၂ခဲ
ငပိ/ငံပြာရည်
ဖယုံညွန့်(သို့)အညွန့်စုံ
ချက်နည်း အဆင့်ဆင့်
ငါးခူတကောင်ကို သန့်စင်ပီး ဒယ်အိုးတလုံးတွင် စပါးလင်တပင်ထု ဆား ဆနွင်း ငံပြာရည်နဲ့ငါးရေမြှုပ်ယုံထည့်ပီးပြုတ်ပါ။ငါးအသားနူးရင် ဆယ်ယူပီးငါးကိုအသားလွှာ ငါးပြုတ်ရည်ကိုထားထားပါ။
ဒညင်းသီးကိုထန်းလျက်၂ခဲ ရေထည့်ပီးပြုတ်ထားပါ။
ဒညင်းသီးနူးရင် ရေစစ်ပီး မထူမပါးလှီးထားပါ။
မျှစ်စိမ်းကိုရေထည့်ပီး ပြုတိထားပါ။အဖန်ရည်သွန်ပီးရေဆေးပီးစစ်ထားပါ။

ပုဇွန်ကိုအခွံခွာ ခေါင်းဖြတ် အမြှီးချန်ပြီး ဆားနယ်ထားပါ။
ပဒဲကောကိုပါးပါးလှီးထားပါ။
ဆန်လက်တဆုတ်ကိုနီအောင်လှော်ပီး ငြုပ်ဆုံနဲ့ညက်အောင်ထောင်းထားပါ။
အားလုံးအဆင်သင့်ဖြစ်ရင် ဒယ်အိုးတလုံးထဲ ရေတလီတာခွဲထည့် ငါးပြုတ်ရည်ထည့်ပီးတည်ထားပါ။
ပွက်ပွက်ဆူလာရင် ငပိလက်မလောက်ထည့် ပဒဲကောထည့်ပီးတည်ပါ။ငပိအမြှုပ်တွေကို ဇွန်းတခုနဲ့ခပ်ထုပ်ပါ။
ပီးရင် ပုဇွန် ငါးအသားလွှာ ဒညင်းသီး မျှစ်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ထားပါ။
တမိနစ်လောက်ကြာရင် ဆန်လှော်မှုန့်နဲ့ငြုပ်သီးစိမ်းကိုထည့်ပါ။
ဆန်လှော်မှုန့်ပွလာရင် အပေါ့အငန်မြည်း အရသာလိုတာထည့် ပင်စိမ်းနဲ့ဖယုံညွန့်ကိုထည့်ပြီး မီးပိတ်ကာ အသင့်စားသုံးနိုင်ပါပြီ ရှင်…
ဒီချက်နည်းက ချက်ဖူးတဲ့ အမတစ်ယောက်ရဲ့ နည်းလမ်းလေးကို ပြန်လည်ကိုးကားထားတာမလို့ လို်ကချက်ကြည့်ကြဦးနော်
နွေနေပူမှာ ထမင်းမြိန်မယ့် ဟင်းတစ်ခွက်မလို့ ချက်စားကြည့်ကြစို့နော်





