ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင် Kamphaeng Phet မှာ အမျိုးသမီးအတွင်းခံတွေကို လိုက်လံခိုးယူနေတဲ့ သူခိုးကို ဖမ်းဆီးခဲ့ပြီး ပျောက်ဆုံးနေတဲ့ အတွင်းခံ အစုံ ၁၀၀ နီးပါးကိုး ရပ်ကွက်ထဲက ဝါးရုံပင်တစ်ပင်မှာ တွဲလောင်းတွေတွေ့ရှိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပြလာခဲ့ပါတယ်။

KhaoSod သတင်းဌာနက ဖော်ပြချက်တွေအရ ကလုံ (Klung) ဆေးရုံအနီးမှာ နေထိုင်တဲ့ ရပ်ကွက်နေ အမျိုးသမီးတွေက သူတို့ရဲ့ အတွင်းခံတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရပ်ရွာခေါင်းဆောင်ထံ တိုင်ကြားခဲ့ပါတယ်။ ခိုးယူခံရသည့် အတွင်းခံတွေကို ရပ်ကွက်အနီးရှိ ဝါးရုံပင်တစ်ခုမှ တွဲလောင်းချိတ်ထားတာတွေ့ရှိခဲ့ရပေမယ့် တရားခံကို မတွေ့ရှိခဲ့ဘူးလို့ ဆိုပါတယ်။ တရာခံလို့ ယူဆရတဲ့ အသက် ၂၇ နှစ်အရွယ် အိုပါ့ဆိုသူကို ယမန်နေ့က ရပ်ရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကန့်လန့်ရဲစခန်းမှ တာဝန်ရှိသူများက ဝါးအနီးရှိ ၎င်းရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီနောက် အိုပါ့ ဟာ ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ အတွင်းခံတွေကို ညအချိန်တွေမှာ လိုက်ခိုးယူခဲ့ပြီး တစ်ကိုယ်ရည်အာသာဖြေဖို့ ရည်ရွယ်ချက်ဖြင့် အသုံးပြုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အရက်မူးတဲ့အခါ လိင်စိတ်ဆန္ဒ မြင့်မားတယ်လို့ ဆိုပါတယ်။ ခိုးယူထားသောပစ္စည်းများကို အသုံးပြုပြီးနောက် ဝါးရုံပင်ပေါ်မှာ ချိတ်ဆွဲထားတယ်လို့ ဆိုပါတယ်၊

လက်ရှိမှာ တရားခံ အိုပါ့ဟာ ညအချိန် သူတစ်ပါးရဲ့ ပိုင်ဆိုင်မှုကို ခိုးယူမှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၅ ဖြင့် တရားစွဲဆိုထားရပြီး ထောင်ဒဏ် တစ်နှစ်မှ ငါးနှစ်၊ ငွေဒဏ် ဘတ် ၂၀၀၀ မှ ၁၀၀၀၀ အထိ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်တယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source- thethaiger