Brazil နှင့် Morocco ဟာ နိုင်ငံတကာချစ်ကြည်ရေးပွဲစဉ်အဖြစ် Morocco နိုင်ငံ Grand Stade de Tanger ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ Morocco က ၂-၁ ရလာဒ်နဲ့ Brazil ကို အနိုင်ကစားခဲ့ပါတယ်။
Morocco အသင်းအတွက်ဦးဆောင်ဂိုးကို 29' မှာ Boufal က သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း 67' မှာ Casemiro ရဲ့ အဝေးကန်ချက်ကတဆင့် Brazil ချေပဂိုးရခဲ့ပေမယ့် ပွဲကိုပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ 79' မှာ Sabri ရဲ့ အနိုင်ဂိုးကို ခွင့်ပြုလိုက်ရပြီး Brazil တို့ အရှုံးနဲ့သာ အိမ်ပြန်ခဲ့ရပါတယ်။

နေမာမပါဝင်နိုင်တဲ့ Brazil ဟာ တိုက်စစ်ပိုင်းမှာ သိသိသာသာအားနည်းနေခဲ့ပါတယ်။ အခွင့်အရေးများစွာရခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ Brazil ကစားသမားတွေအနေနဲ့ ဆုဖလားတွေသိမ်းပိုက်ချင်တဲ့ဆန္ဒရှိရင် အဆုံးသတ်ပိုင်းကောင်းနေဖို့လိုပါတယ်။ အခွင့်အရေးတွေကို လက်လွှတ်မခံဖို့လိုပါတယ်။ ဆုဖလားဆိုတာ ဂိုးသွင်းနိုင်မှရတဲ့အတွက်ကြောင့် အလှစကေးတွေအပြင် အဆုံးသတ်ပိုင်းပါ အားကောင်းဖို့မဖြစ်မနေလိုအပ်ပါတယ်။