ဒေါ်လာ ၄၀,၀၀၀ ကျော်နဲ့ ရောင်းချသွားမယ့် ကမ္ဘာ့ပထမဆုံး ဥက္ကာခဲ ပိုက်ဆံအိတ်

//s9.kh1.co/4f/4f80613ff7412df33ce8861a2bb7aa0ea71035d7.jpg
နေ့စဉ်သတင်းများ

 ၂၅-မတ်-၂၀၂၃ ၆pm · လွန်ခဲ့သော ၂ လ က

ဒေါ်လာ ၄၀,၀၀၀ နဲ့ ရောင်းချသွားမယ့် ကမ္ဘာ့ပထမဆုံး ဥက္ကာခဲ ပိုက်ဆံအိတ်

ပြင်သစ်ဇိမ်ခံအသုံးအဆောင်အမှတ်တံဆိပ် Coperni ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာပေါ်မှာ ပထမဆုံး “ဥက္ကာခဲ” လက်ကိုင်အိတ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီပိုက်ဆံဆိတ်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကမ္ဘာမြေပေါ်သို့ ကျရောက်ခဲ့တဲ့ ဥက္ကာခဲမှ လက်ဖြင့်ထွင်းထုထားတာ ဖြစ်ပါတယ်။ တန်ကြေးအနေနဲ့ ယူရို ၄၀,၀၀၀ (ဒေါ်လာ ၄၃,၀၀) ရှိတယ်လို့ ဆိုပါတယ်။

Photo Credit - From odditycentral
Photo Credit - From odditycentral

ဥက္ကာခဲအိတ်တွေကို မှာယူမယ်ဆိုရင် သီတင်းပတ် ၆ ပတ်အတွင်း ပို့ဆောင်ပေးမှာဖြစ်ပြီး ဝယ်ပြီးပစ္စည်းတွေကိုတော့ ပြန်လဲခွင့်၊ (Coperni အမှတ်တံဆိပ်ထံ) ပြန်ရောင်းခွင့် မရှိဘူးလို့ သိရပါတယ်။ Coperni အွန်လိုင်းစတိုးမှာ ခင်းကျင်းပြသထားသည့် အိတ်မှာတော့ လွန်ခဲ့သောနှစ်ပေါင်း ၅၅,၀၀၀ ခန့်က ကမ္ဘာမြေပေါ်ကျခဲ့တဲ့ ဥက္ကာခဲအပိုင်းအစများ ပါဝင်တယ်လို့ ယူဆရပေမယ့်လည်း ပိုက်ဆံအိတ်တစ်ခုစီမှာ ပုံသဏ္ဍာန်နှင့် အရောင်အနည်းငယ်ကွဲပြားနိုင်တယ်လို့ ဆိုပါတယ်။

Photo Credit - From odditycentral
Photo Credit - From odditycentral

Coperni Meteorite အိတ်ဟာ ၉ x ၁၂ x ၂၃ စင်တီမီတာ အရွယ်အစားရှိပြီး လေးချိန်မှာ ၂ ကီလိုဂရမ်းလေးတာကြောင့် အလေးမသယ်ချင်တဲ့ သူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်တာတော့ သေချာပါတယ်။

Photo Credit - From odditycentral
Photo Credit - From odditycentral

သတင်း အရင်းအမြစ်Source - odditycentral

Zin Myo
Zin Myo

ဆက်စပ်သတင်း

Copyright Mediaload