ဩစတြေးလျနိုင်ငံ၊ ကွင်းလန်း ပြည်နယ်မှာ အလွန်ရှားပါးတဲ့ ပင့်ကူနီ မျိုးသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပင့်ကူမျိုးစိတ်သစ်ကို လက်တင် ဘာသာစကားဖြင့် ခမ်းနားကြီးကျယ်ခြင်းလို့ အဓိပ္ပယ်ရတဲ့ “Euoplos dignitas” ဆိုပြီး အမည်ပေးထားခဲ့ပါတယ်။


အကောင်အရွယ်အစားအားဖြင့် တွေ့ရှိခဲ့မျိုးစိတ်တွေထဲမှာ ဒီမျိုးစိတ်ဟာ ကြီးမားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ “Euoplos dignitas” ဆိုပြီး ပေးထားခြင်းဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်တွေအရ Euoplos dignitas မျိုးစိတ်ဟာ ပုံမှန်အားဖြင့် အမတွေက အထီးတွေထက် ခန္ဓာကိုယ်အရွယ်အစား ပိုကြီးပါတယ်။

အမတွေက ၅ စင်တီမီတာနဲ့ အထီးတွေက ၃ စင်တီမီတာအထိ ကြီးထွားနိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အရောင်အားဖြင့် အမတွေက အနီပုပ်ရောက်ဘက်ပိုသွားပေမယ့် အထီးတွေက အနီရောင်ဘက်ပိုသန်းကြောင်းလည်း ဖော်ပြထားပါတယ်။ သက်တမ်းအားဖြင့် Euoplos dignitas ပင့်ကူများဟာ အနှစ် ၂၀ အထိ ရှင်သန်နိုင်ကြတယ်လို့ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - Sky News