ယမန်နေ့ မတ်လ (၂၄) ရက်နေ့ ညပိုင်း အချိန်က လ နဲ့ သောကြာဂြိုဟ် ဟာ အတော်လေး ကပ်နေခဲ့ပြီး အဆိုပါ မြင်ကွင်း ဟာ တကယ်ကြုံတောင့်ကြုံခဲဖြစ်စဉ်ဖြစ်တာကြောင့် ပြည်သူတွေက သတိထားမိခဲ့ကြပါတယ်။ အဆိုပါဖြစ်စဉ် ဟာ လက်ရှိမြန်မာနိုင်ငံနေပြည်သူများအကြားအတော်လေး ရေပန်းစားနေပြီး လူမှုကွန်ယက်တွေပေါ်မှာပါ အတော်လေး ဂယက်ထနေပါတယ်။

အာကာသပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ လနဲ့ သောကြာဂြိုလ် နီးကပ်တဲ့ အခုလို ကြုံတောင့်ကြုံခဲဖြစ်စဥ်ကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများစုနဲ့ အာဖရိကတိုက် တောင်ပိုင်းဒေသတွေက မြင်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ကတည်းက ပြောကြားကြေညာထားခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ကဆို လကလည်း လဆန်းရက် ဖြစ်တာကြောင့် အရွယ်အစားသေးတဲ့ လခြမ်းမျိုးဖြစ်နေပြီး လ နဲ့ သောကြာဂြိုဟ်တို့ လမ်းကြောင်း တစ်ထပ်တည်း ကျရောက်တာမျိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

အစပိုင်း မှာတော့ လနဲ့ သောကြာဂြိုလ်တို့ဟာ တစ်တန်းတည်း ထပ်တူကျနေခဲ့ပြီး အချိန်အနည်းငယ်ကြာမှ တဖြည်းဖြည်းချင်း နည်းနည်းစီ ခွာလာကြတာဖြစ်ပါတယ်။ ဤဖြစ်စဉ်နဲ့ ပတ်သက်လို့ အနာဂတ်ဟောပြောသူတွေကလည်း အမျိုးမျိုး ဟောကိန်းတွေထုတ်နေကြပါတယ်။ ဒီနောက်ဆက်တွဲဖြစ်ရပ်အနေနဲ့တော့ ဘာဖြစ်လာမလဲဆိုတာကိုလည်း ဟောပြောသူတွေက အမျိုးမျိုး ဟောကိန်းထုတ်နေကြလို့ ပြည်သူတွေကအတော်လေး စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

