Facebook ကုမ္ပဏီ ကြီးကို အများနဲ့မတူဘဲ ကြိုးစားရုန်းကန်ရင်း အောင်မြင်အောင် တည်ထောင်နိုင်ခဲ့သူ ၊ လူငယ်များအကြားအမြဲလိိုလို လေးစား အားကျခြင်းလည်းခံရသလို ချစ်ခင်မှုလည်း ခံရသူကတော့ အားလုံးက ဇူဇူ လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Facebook တည်ထောင်သူ မတ်ဇူကာဘတ် ပါပဲ။

မတ်ဇူကာဘတ် ဟာ ယမန်နေ့ မတ်လ(၂၄)ရက်နေ့ ည (၉)နာရီ (၂၇)မိနစ် က Aurelia Chan Zuckerberg အမည်ရ သူ့ရဲ့ တတိယမြောက် သမီးလေး ကို သူ့ရဲ့အမျိုးသမီး Priscilla က မွေးဖွားခဲ့ကြောင်းကို ပုံနှစ်ပုံဖြင့် သူ့ရဲ့ Instagram မှာရော Facebook မှာပါ တရားဝင်ကြေငြာခဲ့ပြီး အတော်လေးကို ပျော်ရွှင်နေပုံပေါ်ပါတယ်။

မတ်ဇူကာဘတ် မှာ Maxima နဲ့ August လို့အမည် ရတဲ့ သမီးနှစ်ဦး ရှိပြီး ယခု Aurelia လေးကတော့ တတိယမြောက် သမီးလေး ဖြစ်တယ်လို့သိရပါတယ်။ အကြီးဆုံးသမီးမှာ အသက် ရှစ်နှစ်ရှိပြီဖြစ်ပြီး ဒုတိယသမီးမှာ အသက် ခြောက်နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ တတိယမြောက်သမီးလေး မွေးဖွားနိုင်ခဲ့ခြင်းနဲ့အတူ မိသားစုဘဝလေးကို အပျော်ရွှင်ဆုံး ဖြတ်သန်းနိုင်ပါစေလို့ ဇူဇူ့ကိုဆုတောင်းပေးလိုက်ရပါတယ်။


