ဆူးလေစေတီတော် သမိုင်းအကျဉ်းချုပ်

//s9.kh1.co/da/dadaef6684ac0905aaa424353223ec40803640b3.jpg
MPT Lifestyle

 ၂၄-မတ်-၂၀၂၃ ၁၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဆူးလေ စေတီဟာ ရန်ကုန်မြို့လယ်မှာ တည်ရှိပြီး ရန်ကုန် မြို့တော် ခန်းမနှင့် မဟာဗန္ဓုလ ပန်းခြံအနီးမှာ တည်ရှိပေပါတယ်။ ရွှေတိဂုံစေတီတော်ရဲ့ အရှေ့မြောက်ဘက် ၉၂၇၅ ပေ အကွာမှာ တည်နေပြီး

https://s9.kh1.co/__image/w=329,h=153,q=100/9c/9c0d8c33ffe5c6d449634cdc78b9120f7a4d7f65.jpeg

ဆူးလေစေတီတော်ရဲ့ ဉာဏ်တော်မှာ ၁၄၄ ပေ၊ ၄ လက်မ ရှိပါတယ်။ ပန်းတင်ခုံ တစ်ထောင့်စီမှာ ၂၄ ပေခန့် ရှည်ပြီးတော့ ရင်ပြင်တော် ပေ ၂၀ ခန့် ကျယ်ဝန်းပါတယ်။ ဆူးလေ စေတီတော်ပုံမှာ တစ်မူထူးခြားပြီး အောက်ခြေမှ စ၍ ချယာသီ ပိန်နဲတိုငျသို့တိုငျအောငျ ရှစ်မြှောင့်ထောင့်ချိုးများသာ ဖြစ်ပါတယ်။ မုခ်လေးမုခ်စလုံး၌ မုခ်ဦးတန်ဆောင်များရှိတဲ့အပြင် အသစ်စိုက်ထူထားတဲ့ ဘုရားကျောက်စာတိုင်တစ်ခု၊ မဟာဗောဒိပင် ဆူးလေနတ်ကြီး ရုပ်တု ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=617,q=100/f4/f49d50ed66ea88bc6212f99566faab951022f6cf.jpg

ဆူးလေ စေတီကို သာသနာနှစ် ၂၃၅ ခုနှစ်က တည်ခဲ့ပြီး သီဟိုဠ်ကျွန်းမှ သျှင်ယသ၊ သျှင်သောဏ၊ သျှင်သုခိ အမှူးရှိသော ရဟန္တာကို ပင့်ဆောင်လာသော ဆံတော်နှင့် ဓာတ်တော်များကို သန်လျင်မင်း ဘောဂသေန အား ပေးနေပုံ ထို့နောက် ရဟန္တာ ရှစ်ပါးကြီးမှူးကာ ယင်းဆံတော် ဓာတ်တော်များဖြင့် ဆူးလေစေတီတော်အား တည်ထားကိုးကွယ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=514,q=100/67/67237c88ac27db6dc6ecec48ff8311470bbca9b0.jpg

ရှေးဦးစွာ ဆံတော် ၆ဆူနှင့် ဓာတ်တော်အချို့ကို ဌာပနာ၍ ကျိုက္ကဆံစေတီကို တည်ပြီးနောက် ရဟန်းတစ်ပါး ပျံလွန်တော်မူသဖြင့် သန်လျင်မင်းကြီး စိတ်အားလျော့ပြီးလျှင် ဆူးလေစေတီတည်ရန် ကိစ္စများကို အမတ်ကြီး အသုတ်အား တာဝန်လွှဲအပ်ခဲ့ပါတယ်။ ယင်းစေတီတော်ကို အသုတ်အမတ်ကြီး ဦးစီးတည်သဖြင့် ကျိုက်အသုတ်ဘုရား ဟု မှာထားပါတယ်၊

https://s9.kh1.co/__image/w=650,h=660,q=100/9a/9ac19bccd8e83c7fcb3b3b1069462b96ae9eb372.jpg

နှစ်ပေါင်းများစွာကြာသော် ယင်းစေတီတော်အား ဆူးလေပင်များ ဖုံးအုပ်ကွယ်နေသဖြင့် ဆူးလေစေတီဟု ခေါ်ဝေါ်ခဲ့သည်ဟု ဆိုကြပါတယ်။ အချို့ကမူ အသုတ်ဟူသော စကားသည် မွန်ဘာသာစကားဖြင့် ဆံတော်ဟု ဆိုလိုကြောင်း သိရပါတယ်။ ဆံတော်ကို ပါဠိဘာသာဖြင့် စူဠ ဟု ခေါ်ကြပြီး စူဠစေတီမှာ ကာလရွေ့လျားပြီးနောက် ဆူးလေစေတီတော် ဖြစ်လာတယ်လို့လည်း ဆိုကြပါတယ်။

ဆူးလေ ဘုရားကို တကူးတက မဖူးမြော်ဖြစ်သော်လည်း မြို့ထဲသွားလျှင် ဆူးလေဘုရားအား မြင်ရ တွေ့ရမြဲ ဖြစ်ပါတယ်။ ဆူးလေ ဘိုးဘိုးကြီးထံတွင် ဆုတောင်းပါက ဆုတောင်းပြည့်သည်ဟုလည်း နာမည်ကြီးလေပြီး ဆူးလေစေတီတော်လည်း နာမည်ကြီးစေတီတစ်ဆူဖြစ်ပြီး တန်ခိုးကြီးမား လှပါတယ်။

သတင်း အရင်းအမြစ် Source - Original upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T