အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ လေဆင်နှာမောင်းတိုက်ခတ်မှု့ကြောင့် လူ ၅ ဦးသေဆုံးကာ သိန်းချီတဲ့ လူနေအိမ်များ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ ရာသီဥတု ပြောင်းမှုဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လေဆင်နှာမောင်း နှစ်ကြိမ် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။


မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေဆင်နှမောင်း တိုက်ခိုက်မှုကြောင့် သစ်ပင်ပြိုလဲပြီး လူ ၅ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အချို့နေရာများမှာ မိုးသည်းထန်စွာရွှာသွန်းမှု့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပြီး လူနေအိမ်ခြေပေါင်း ၁၂၀၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခြင်း များနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း World Forum က ဖော်ပြထားပါတယ်။


သတင်း အရင်းအမြစ်៖ Source - WorldForum