အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ဆိုးလာကြပါပြီ။ ဆံပင်ဆိုးတာက လှပေမယ့် ဆံသားတွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။ ဒီတစ်ခါတော့ ဆံပင်အရောင်မဆိုးခင် သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

တော်တော်များများက ဆံပင်အရောင်မဆိုးခင် ကိုယ်နဲ့လိုက်ဖက်တဲ့အရောင်ထက် ကြိုက်တဲ့အရောင်ကိုသာ အဓိကထားပြီး ရွေးလေ့ရှိကြပါတယ်။ ဒါကြောင့် ဆံပင် ဆိုးတော့မယ်ဆိုရင် သင့်အသားအရေအလိုက် တစ်ကနေ 10 အထိ တစ်ဆင့်ချင်းရွေးသွားလိုရပါတယ်။ 1 ကစတဲ့အရောင်တွေက ပိုရင့် ပြီး 10 နားကပ်သွားတဲ့ အရောင်တွေကတော့ ပိုလင်းတဲ့ အရောင်မျိုးတွေ ဖြစ်ပါတယ်။

မဆိုးခင် လက်ရှိ ဆံပင်အရောင်ကိုလည်း သုံးသပ်ဖိုလိုပါတယ်။ သင့် ဆံပင်အရောင်က ရင့်တဲ့သူ နက်မှောင်လွန်းသူစတဲ့ ဆံပင်အရောင်မျိုးတွေဆိုရင် လင်းတဲ့အရောင်မျိုးကို ထပ်ဆိုးမယ့်အခါမှာ အရောင်မညီတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့် အောက်ခံ အရောင်က ဘာလဲဆိုတာကို အရင်ဆုံး ကြည့်ဖိုလိုပါတယ်။ မဟုတ်ရင်တော့ စဆိုးတဲ့အချိန်မှာ ဆံပင်အရောင်က ကောင်းပေမယ့် နောက်ပိုင်း အောက်က ပိုရင့်တဲ့ ဆံပင်အရောင်က ပြန်ပေါ်လာပြီး အရောင်လွဲသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။

အရောင်ရင့်ရင့်တွေက သင့်အသားအရောင်ကို ပိုရင့်စေပါတယ်။ အသားဖြူတိုင်း အရောင်ရွေးစရာမလိုဘူးလို မထင်လိုက် ပါနဲ့။ အသားဖြူသူတွေအနေနဲ့ အရောင်ရင့်ရင့်တွေကို သုံးလိုက်ရင် သင့်အ သားအရောင်ကို ပိုရင့်သွားစေပြီး သင့်အသွင်ပြင်ကိုလည်း ရင့်သွားစေနိုင်ပါတယ်။

-ဆံပင်ဆိုးဆေးအတော်များများက ဓာတုဗေဒပစ္စည်းတွေနဲ့ ပြုလုပ်ကြတာ များပါတယ်။ အနည်းနဲ့ အများပဲကွာတာပါ။ ဒါကြောင့် ဆေးဘူးရဲ့ အညွှန်းမှာ ရေး ထားတဲ့ အတိုင်းပဲ 45 မိနစ်ဆိုရင် 45 မိနစ်၊ တစ်နာရီဆိုရင် တစ်နာရီ တိတိကျကျ လိုက်နာဖို လိုပါတယ်။ သတ်မှတ်ချိန်ထက် နောက်ကျတာမျိုးက သင့်ဆံသားရော သင့်ဦးရေပြားကိုပါ ထိခိုက်စေနိုင်ပါတယ်။
