ရခိုင် ငရုတ်သီးထောင်း လုပ်နည်း ...

//s9.kh1.co/59/599b177659199bf004581d4273f809bd4929624d.jpg
MPT Lifestyle

 ၀၄-ပြီ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ဒီတစ်ခေါက်မှာသိပ်ကိုအရသာရှိပြီးစားလို့ကောင်းတဲ့ ရခိုင်ငရုတ်သီးထောင်းနည်းလေး ကိုပြောပြပေးပါမယ်နော်...

ငရုတ်သီးထောင်းထားပြီး အိမ်မှာမျိုးစုံ လုပ်စားကြမယ်...တခါတလေ ထမင်းစားတဲ့အခါ ဘာလေးလိုလို့လိုနေမှန်းမသိတဲ့အချိန်တွေရှိတတ်ကြတယ်... ဒီလိုအချိန်မျာဆိုရင် ငပိထောင်းလေး ၊ ငရုတ်သီးထောင်းလေးတွေက သိပ်ကိုအသုံးဝင်တယ်ဆိုတာ မမေ့ကြနဲ့နော် ...ဆိုတော့ ဒီတစ်ခေါက်မှာသိပ်ကိုအရသာရှိပြီးစားလို့ကောင်းတဲ့ ရခိုင်ငရုတ်သီးထောင်းနည်းလေး ကိုပြောပြပေးပါမယ်နော်...

ဟင်းပွဲတွေအပြင် တို့စရာ ၊ ငရုတ်သီးထောင်းလေးပါမှ ထမင်းစားပိုမြိန်တယ်ဆိုတာ ကျမအတွက်တော့ အမှန်ပါပဲရှင်.။ ကျမကိုယ်တိုင် ကိုယ်စားဖို့ လုပ်နေကြ အလွယ်နည်းလေးကိုပဲ ရေးထားတာပါ.။ တခြားသူများနည်းနဲ့ တူချင်မှ တူပါမယ်ရှင်.။

https://s9.kh1.co/__image/w=650,h=429,q=100/5f/5f2726a7cb266e2cc9cb5567236d19d12782f248.jpg

၁. ငရုတ်သီးကို မီးကင်ပေးပါ ( အိုးထဲထည့်ပြီး လှော်ပေးပါ - ငပိကို ဆားဖြင့် နယ်ပြီး အိုးတနေရာတွင် ကပ်ပြီး ကင်ပေးပါ.။)

၂. ရလာတဲ့ ငရုတ်သီးကင် ငပိကင်တို့ကို ဆား ၊ ပုဇွန်မှုန့်ထည့်ပြီး ညှက်အောင်ထောင်းပေးပါ.။ ဟင်းချိုမှုန့် စားသုံးသူများ ထည့်လို့ရပါတယ်။ဗိုက်မနာရလေအောင် ငရုပ်ကောင်းစေ့ကို ထည့်ပြီး ထောင်းပေးရင်လည်း ရပါတယ်.။

၃. စားခါနီးတွင် ငရုတ်သီးအနှစ်ကို သံပုရာသီးညှစ်ထည့် ၊ ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး သမအောင် နယ်လိုက်ရင် အလွယ်ကူဆုံး ငရုတ်သီးထောင်းရ လာပါပြီးရှင်.

ပထမဆုံး ပုံမှာ ပြထားတာကတော့ မကျဉ်းသီးစိမ်း ငရုတ်သီးထောင်းပါ.။ ပါ၀င်ပစ္စည်းများကိုလည်း ပုံမှာပြထားပါတယ်ရှင်.။ ကျမကတော့ နံပတ်၂ အဆင့်ပြီးရင် ရလာတဲ့ ငရုတ်သီးထောင်းကို ရေခဲသေတ္တာထဲ သိမ်းထားပါတယ်.။ စားခါနီးမှ ကိုယ်လိုသလောက်ယူပြီး ငရုတ်သီးထောင်း နှင့် တခြားကိုယ်စားချင်တဲ့ ချဉ်ငံစပ် အသုပ်မျိုးစုံကို သုပ်စားပါတယ်ရှင်....

အရမ်းအသုံးဝင်ပြီး ဘာလေးနဲ့စားစား ခံတွင်းမြိန်စေလို့ အိမ်မှာလုပ်ထားနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T