အိမ်ချက်မုန့်ဟင်းခါးကောင်းကောင်းချက်စားကြမယ်
မုန့်ဟင်းခါးကို အိမ်မှာဝဝလင်လင် ချက်စားချင်တဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ အရမ်းကိုစားလို့ကောင်းပြီးလွယ်ကူရိုးရှင်းတဲ့အိမ်ချက် မုန့်ဟင်းခါးချက်နည်းလေးပြောပြမယ်နော်
ငါး ဆနွင်း စပါးလင် ပြုတ်ထားပါ

ငါးကတော့ ငါးကြင်း၊ငါးခူကြိုက်တာ သုံးပါရှင်...အရေခွံနဲ့အရိုးတွေဖယ်ပီး ငါးတွေကိုနွှင်ထားပါမယ်... ငါးအရည်တွေကို မသွန်ပစ်ပဲ ချန်ထားနော် မုန့်ဟင်းခါဟင်းရည်ချက်တဲ့နေရာမှာသုံးလို့ရပါတယ်...ငှက်ပျောအူလှီးထားပါ...လှီးထားတဲ့ငှက်ပျောအူကို ရေနဲ့စိမ်ထားပါ ... ကြက်သွန်ဥသေးလေးများကိုပြုတ်ထားပါ။
ကြက်သွန်ဖြူနီနဲ့ဂျင်းများကိုထောင်းထားပါ။ ဘဲဥပြုတ်ပါ....

ဆန်မှုန့်ကို ကိုယ်စားမယ့်ပမာဏအတိုင်းအမှုန့်ကြေသွားသည်အထိ ရေနွေးနဲ့ ဖျော်ပါ။ အမှုန့်ကြေပြီး အစိမ်းနံ့ ပျောက်သွားသည်အထိ ဖျော်ပါနော်...
ကလားပဲပြုတ်ပီး အနှစ်ရအောင်ချေထားပါ သို့မဟုတ် ပဲစိမ်းမှုန့်ဝယ်ပီးရေစိမ်ထားပါ
ဒါဆိုရင်ပြီး ရေနွေးတည် ၊ တည်တဲ့ထဲကို စောနကပြုတ်ထားတဲ့ ငါးပြုတ်ရည်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ကြက်သွန်ဖြူနီ ဂျင်းများကို ဆီသပ်ပြီးငံပြာရည်နည်းနည်းထည့်ပါ။ ကြက်သွန်ဖြူနီ ထဲကို ငါးများပါရောထည့်ပြီး ငါးမွှေပါ။

ပြီးရင် ပြုတ်ထားတဲ့ရေနွေးအိုးထဲကို ပဲရည်နဲ့ ဆန်မှုန့်အရည်ဖျော်ထားတာထည့်ပါ။ ပဲတွေကို ကြေအောင် စကာနဲ့ချေချေချပြီးမှ အိုးထဲထည့်ပါ။ အိုးမကပ်အောင်မွှေဖို့လိုတယ်နော်... အိုးထဲကို အရသာမှုန့်နည်းနည်းထည့်ပါ။ ဆူလာရင်ငါးထည့်ပါ၊ ကြက်သွန်ဥပြုတ်ထားသည်များကိုထည့်ပါ၊ကြက်သွန်ဥနူးသွားတဲ့အခါ ငှက်ပျော်အူနဲ့ ဘဲဥထည့်ပြီးရင်ချလို့ရပါပြီ...
မြန်မာ့ရိုးရာအစားစာလည်းဖြစ် စားလို့လည်းကောင်းတဲ့ မုန့်ဟင်းခါးချက်နည်းလေးမလို့ အိမ်မှာချက်စားကြည့်ကြဦးနော်