ရှမ်းခေါက်ဆွဲလုပ်စားကြမယ်…

//s9.kh1.co/61/61c061aec772ee8788386d489ee98054fdb3ea6b.jpg
MPT Lifestyle

 ၃၁-မတ်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ဒီနေ့မှာတော့အရမ်းကိုစားလို့ကောင်းပြီး ထိမိတဲ့ရှမ်းခေါက်ဆွဲလုပ်နည်းလေးကို ပြောပြပေးပါမယ်နော်…

ရှမ်းခေါက်ဆွဲလုပ်စားကြမယ်…

ရှမ်းစာကောင်းကောင်းကို ကိုယ့်အိမ်မှာ လုပ်စားချင်တယ်ဆိုတဲ့သူတွေအတွက် ဒီနေ့မှာတော့အရမ်းကိုစားလို့ကောင်းပြီး ထိမိတဲ့ရှမ်းခေါက်ဆွဲလုပ်နည်းလေးကို ပြောပြပေးပါမယ်နော်…

https://s9.kh1.co/__image/w=450,h=337,q=100/ed/ed055ad7ef3af247b24de2f916ee4e95d907101a.jpg

အရမ်းစားလို့ကောင်းလို့အိမ်မှာလုပ်စားကြဦးနော် ကြက်ရိုး နဲ့ ကြက်သားတွေကို ဆား ဆနွင်း အရသာမှုန့်ဖြင့်နယ်ပြီး ရေအနေတော်ထည့်ကာ တစ်နာရီခွဲခန့် ပြုတ်ထားပေးပါ။ ဆန်ခေါက်ဆွဲကို ရေတစ်နာရီခန့်စိမ်ထားပေးပါ။ ကြက်သားပြုတ်ထားတာရရင် ကြက်သားတွေကိုဆယ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်မြိတ် နဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားပါ။

https://s9.kh1.co/__image/w=650,h=308,q=100/27/2772df91507b7aac83b24d5979418d5470644275.jpg

မြေပဲလှော်မညက်တညက်ထောင်းထားပါ။ ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသပ်ပါ။ အနံမွှေးလာပြီဆို ငရုတ်အစိမ်းမှုန့်ထည့်ပြီးမွှေပါ။ ပြီးမှ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အဖုံးအုပ်လိုက်ပါ။ ခဏအကြာမှ ခရမ်းချဉ်သီးနွမ်းလောက်ပြီဆိုမှ ဇွန်းဖြင့်ကျေနေအောင် ချေပေးပါ။ ခရမ်းချဉ်သီးကျေပြီဆို ကြက်သားတုံး နဲ့ ရေအနည်းငယ် ကြက်သားမှုန့် ခရုဆီ ကြာညို့ထည့်ပြီး ဆီပြန်သည်အထိတည်ပါ။ ဒါကြက်သားအနှစ်ရပါပြီ။ အစပ်အတွက် ငရုတ်သီးမှုန့် နဲ့ ဆားကို ထောင်းပါ။ ပြီးမှ ဆီဆမ်းပြီး အသင့်ပြင်ထားပေးပါ။

https://s9.kh1.co/__image/w=640,h=480,q=100/98/98dfbbd30771ff11f82f407e8ece05d70c486a02.webp

ဆီချက်အတွက်က ကြက်သွန်ဖြူဆီချက်ကို တရုတ်မဆလာ နဲ့ ဆနွင်းအနည်းငယ်ထည့်ပြီးချက်ထားပါ။ ကြက်ပြုတ်ရည်အိုးထဲသို့ ဇကာထည့်ပြီး ရေစိမ်ထားသောဆန်ခေါက်ဆွဲများထည့်ကာ ဟင်းရည်ပူပူမှာခဏစိမ်ပေးထားပါ။ ဆန်ခေါက်ဆွဲ မပျော့မမာအနေတော်အနေထားရပြီဆိုမှ ပြန်ဆယ်ယူထားပေးပါ။ တစ်ပွဲစာပြင်ဆင်ပုံက ဆန်ခေါက်ဆွဲ ကြက်သားဟင်းအနှစ် ကြာညို့အနည်းငယ် ကြက်သွန်ဖြူဆီချက် ကြက်သွန်မြိတ် နဲ့ ငရုတ်သီးဆားထောင်း နှမ်း(မထည့်လည်းရ) မြေပဲလှော် ထည့်ပြီး နယ်ပါ။ အရသာပေါ့ရင် ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ တွဲဖက်အနေနဲ့ ဝက်ခေါက်ကြော် တို့ဟူးကြော် ရှမ်းချဉ် စသည်တို့နဲ့ သုံးဆောင်နိုင်ပါပြီနော်။ ကြက်သားပြုတ်ဟင်းရည်ကို ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်လေးထည့်ပြီး ဟင်းရည်ပူပူလေးနဲ့ဆို ပိုကောင်းပါတယ်နော်။

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T