ရှကီရာကို ဆုံးရှုံးရတာ တစ်စက်မှ နောင်တမရဘူး လို့ ပေါ်တင် ဖြဲ လာတဲ့ ပီကေး

//s9.kh1.co/24/24390a0c160cd157aa2e101f11f145004d8fe01f.jpg
အားကစားသတင်းများ

 ២៤-មីនា-២០២៣ ១១ព្រឹក · ៤ ឆ្នាំមុន

(၁၁)နှစ်ကြာ အချစ်ရေး ကို အဆုံးသတ်ခဲ့ရလို့ တစ်စက်မှ နောင်တမရကြောင်းကို အရှက်မရှိစွာ ပြော.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

(၁၁)နှစ်ကြာ လက်တွဲမဖြုတ်ဘဲ ချစ်ခင်ကြည်နူးခဲ့တဲ့ မိသားစု ဘဝလေး ၊ တစ်ကမ္ဘာလုံးက ပရိသတ်တွေကပါ အချစ်တတ်ဆုံး စုံတွဲလို့ သတ်မှတ်ထားကြတဲ့ စုံတွဲ ၊ နေ နဲ့ လ ရွှေ နဲ့ မြ လို့ဆိုရလောက်အောင် လိုက်ဖက်ညီလွန်းခဲ့တဲ့ ကမ္ဘာကျော် စုံတွဲဖြစ်ကြတဲ့ ကမ္ဘာကျော် အဆိုတော် ရှကီရာ နဲ့ ကမ္ဘာကျော်ဘောလုံးသမား ပီကေး တို့ရဲ့ အချစ်ရေး ကတော့ ပီကေး ရဲ့ ဖောက်ပြန်မှုကြောင့် ပျက်ဆီးသွားခဲ့ပြီး သူတို့နှစ်ဦး ရဲ့ ကွာရှင်းမှု ဟာ တစ်လောကလုံးကို အသည်းကွဲစေခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ရှကီရာ ဟာလည်း ဒီအသည်းကွဲမှု ဒဏ်ကနေ လွတ်မြောက်အောင် အတော်လေးကြိုးစားခဲ့ရပြီး ပရိသတ်တွေကလည်း သူမကို အတော်လေးသနားခဲ့ရပါတယ်။ ရှကီရာ ရဲ့ ဝမ်းနည်းကြေကွဲနေခဲ့တဲ့အချိန်တွေမှာ ပီကေး က သူ့ရဲ့ ချစ်သူ အသစ် ကလယ်ရာ နဲ့အတူ တအားကို ပျော်ရွှင်နေခဲ့ပါတယ်။ ဒီလို ပျော်ရွှင်နေတာ ၊ နောက်လူကိုရွေးချယ်သွားခဲ့တာနဲ့ပတ်သက်လို့ ပီကေး ဟာ သူကိုယ်တိုင် နောင်တ မရကြောင်း ထုတ်ဖော်ပြောပြလာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ပီကေး က “ကျွန်တော်လုပ်ချင်တာကိုလုပ်တယ်၊ ကျွန်တော်မသေခင် ကိုယ်လုပ်ချင်တာကို အကုန်လုပ်ပြီး ကိုယ့်ကိုယ်ကိုပျော်အောင်ထားမယ်” လို့ ပေါ်တင် ဒဲ့ပြောလာခဲ့ရုံသာမက ပီကေး ဟာ သူ ရှကီရာအပေါ် ပြုလုပ်ခဲ့တဲ့ ဖောက်ပြန်မှု နဲ့ ပတ်သက်လို့လည်း သူ့ရဲ့ ဖောက်ပြန်ခဲ့မှု ဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ရင်တောင် မိမိကိုယ်ကိုဂရုစိုက်တာသာဖြစ်ကြောင်း အရှက်မရှိစွာ ပြောကြားသွားတာကြောင့် ပရိသတ်တွေကအရမ်းကိုစိတ်ဆိုးနေကြပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T