မနက်စာစားခြင်းရဲ့ အကျိုးကျေးဇူးများ..

//s9.kh1.co/4a/4a34c433145e4e7eb1d7dd6676089ab6bce01361.jpg
MPT Lifestyle

 ၂၂-မတ်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မနက်စာစားခြင်းရဲ့ အကျိုးကျေးဇူးများ..

မနက်စာဟာ တစ်ရက်တာလုံးရဲ့ အရေးကြီးဆုံးအစာဖြစ်တယ်ဆိုတာ သံသရဖြစ်စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ညတာလုံးကိုဖြတ်သန်းပြီး နေ့တစ်နေ့အတွက် ပထမဆုံးစားရတဲ့အစားအစာဖြစ်တဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့စွမ်းအင်ကို ပထမဆုံးဖြည့်ပေးရလို့ပါပဲ။ မနက်စာကို မျှမျှတတမစားခြင်း (သို့) မစားဘဲနေခြင်းဟာ အမှားကြီးတစ်ခုဖြစ်ပါတယ်။ တစ်ရက်တာမှာ စားသောက်ရတဲ့ အဆာပြေနှင့် အချိုရည်တွေက မနက်စာမစားလိုက်မိတဲ့အခါ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကို ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် မနက်စာကို မျှမျှတတစားသုံးသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=477,q=100/d2/d26af4b3c78333f7b24961201e5bd52de8161bf3.webp

မနက်စာလုံလုံလောက်လောက် မစားခြင်းဟာလည်း အမှားတစ်ခုဖြစ်ပါတယ်။ မနက်စာလုံလုံလောက်လောက်မစားတဲ့အခါ တစ်ရက်တာလုံးမှာ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေကိုစားသုံးမှု ပိုတိုးလာစေပါတယ်။ မနက်စာများများစားသုံးတဲ့အခါ ကိုယ်ခန္ဓာအထဲမှာရှိတဲ့ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပြီး အားပြည့်စေပါတယ်။ အခြားအစားအစာစားသုံးမှု လျှော့ကျစေတဲ့အတွက်လည်း ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/78/78cdf41d4d6825df7c010be4bb643925fac06eeb.webp

ဒါ့အပြင် အစာစားတဲ့အခါမှာ မြန်မြန်စားတာ မကောင်းပါဘူး။ မနက်စာမှမဟုတ်ပါဘူး။ အခြားဘယ်အစားအစာမဆို အမြန်စားသုံးခြင်းက အစာချေဖျက်ရာမှာ အခက်အခဲဖြစ်စေတဲ့အတွက် ဝိတ်တက်စေနိုင်ပါတယ်။ နေ့စဉ်လူမှုဘဝမှာ မြန်မြန်စားသုံးခြင်းဟာ အလေ့အထတစ်ခုလိုဖြစ်နေပါတယ်။ ဒီအလေ့အထကို ရှောင်ကျဉ်ပြီး မနက်စာစားတဲ့အခါ စိတ်ရှည်ရှည်နဲ့ကျေညက်အောင်စားပါ။ အရမ်းမမြန်ဘဲ အစားအစာကို ပုံမှနှုန်းနဲ့စားသောက်ခြင်းက ကျွနိုပ်တို့ရဲ့ဆာလောင်မှုကိုလည်း လျှော့ချပေးပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T