လက်ရှိနွေရာသီလို ကာလတွေမှာ တောတွင်းတိရစ္ဆာန်တွေ ၊ သတ္တဝါတော်တော်များများ ဟာ အရမ်းပူကြတာကြောင့် အေးတဲ့နေရာကို သေချာရှာဖွေကာနေထိုင်လေ့ရှိကြတာ သဘာဝပါပဲ။ သို့ပေမယ့် သိပ်မကြာသေးမီက ထိုင်းနိုင်ငံ က အိမ်တစ်အိမ်မှာ စပါးအုန်းမြွေကြီးကို တွေ့ခဲ့ရပါတယ်။

ထိုင်းနိုင်ငံ က အိမ်တစ်အိမ်ရဲ့ အိမ်သာခွက်ထဲမှာ ထိတ်လန့်စရာ စပါးအုန်းမြွေကြီး တစ်ကောင် ဟာ ဝင်ခွေနေခဲ့ပြီး အဆိုပါသတင်း ဟာ ထိုင်းနိုင်ငံ က ပြည်သူတွေကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပါတယ်။ အိမ်ပိုင်ရှင်ဟာ အိမ်သာခွက်က ရေဆွဲချလို့ မရတာကြောင့် ရေအစားတစ်ခုခု တက်လာခဲ့တာကို သတိပြုမိခဲ့ပြီးသေချာကြည့်ရှုခဲ့ရာ စပါးအုန်း မြွေတစ်ကောင်ဟာ အိမ်သာရေဆိုးပိုက်မှာ ဝင်ရောက်ခိုအောင်း နေခဲ့တာ ကို တွေ့ခဲ့ရဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ဆီ အလျင်အမြန် အကူအညီတောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

အိမ်သာကြွေခွက် နဲ့ တွင်းကို ဖောက်ထွင်းခဲ့ပြီး ပိုက်အတွင်းမှာ ဝင်အောင်းနေတဲ့ ဧရာမ စပါးအုန်းမြွေကြီးကို ဆွဲထုတ်တဲ့အခါမှာ စပါးအုန်းမြွေကြီးရဲ့လုံးပတ်နဲ့ အရှည်က တော်တော်ကြီးမားလွန်းတာကြောင့် ရေဆိုး ပိုက်နဲ့ကွက်တိဖြစ်ပြီး ညပ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

