မန်စီးတီးဟာ ဘန်လေကို 6-0 ရလာဒ်နဲ့ အပြတ်အသတ်အနိုင်ကစားပြီး FA Cup နောက်တစ်ဆင့်တက်သွားပြီပဲဖြစ်ပါတယ်။ မန်စီးတီးရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်ခဲ့တဲ့ ကွန်ပနီရဲ့ဘန်လေဟာ မန်စီးတီးတိုက်စစ်ကို ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ တစ်လုံးပြီးတစ်လုံးခွင့်ပြုပေးလိုက်ရပါတယ်။
မန်စီးတီးဟာ ပထမပိုင်းမှာ ဒီရာသီဂိုးတွေတဒိုင်းဒိုင်းသွင်းနေတဲ့ တိုက်စစ်မှူးဟာလန်းရဲ့ သွင်းဂိုးနှစ်လုံးနဲ့ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစ 59' မှာ တစ်ဂိုးထပ်မံသွင်းယူပြီး အစဉ်အလာမပြတ် Hat-trick ရယူပြခဲ့ပါတယ်။ ဒီ Hat-trick ဟာ တိုက်စစ်မှူးဟာလန်းအတွက် ဒီရာသီ ခြောက်ကြိမ်မြောက်ဖြစ်ပြီး ပြိုင်ပွဲစုံ ၄၂ သွင်းယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Hat-trick သွင်းယူပြီး ဟာလန်းကိုလူစားလဲခဲ့ပေမယ့် မန်စီးတီးရဲ့သွင်းဂိုးတွေကို မရပ်တန့်နိုင်ခဲ့ပါဘူး။ အလာဗက်စ် (62',73') နှင့် ပါးမား 68' တို့က သွင်းဂိုးတွေထပ်မံရယူပြီး အပြတ်အသတ်နိုင်ပွဲကို ရရှိခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ဒီရာသီ ဖလားသုံးလုံးလမ်းကြောင်းပေါ်မှာရှိနေပြီး ချန်ပီယံလိဂ်မှာ ဂျာမန်ဘီလူးကြီး ဘာယန်နဲ့ တွေ့ဆုံကစားရမှာပါ။ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ပထမဆုံးတံတိုင်းကြီးကို မန်စီးတီးတို့ ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရပါမယ်။