ဒီကနေ့ နံနက် (၂) နာရီ (၃၀)မိနစ် မှာ အာဆင်နယ်အသင်း နဲ့ စပို့တင်းလစ္စဘွန်း အသင်း တို့ဟာ ယူရိုပါလိဂ် ပွဲစဉ်အတွက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အာဆင်နယ်အသင်း နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ (၁-၁) သရေရလဒ် နဲ့ အဆုံးသတ်ခဲ့တာကြောင့် အချိန်ပိုထပ်မံကစားခဲ့ရပြီး အချိန်ပိုအတွင်းမှာလည်း ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် အဆုံးအဖြတ်အနေနဲ့ ပင်နယ်တီ ထပ်ကန်ခဲ့ရတယ် လို့ သိရပါတယ်။

ပင်နယ်တီကန်ခဲ့တဲ့အချိန်မှာတော့ အာဆင်နယ်အသင်း ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ရှုံးနိမ့်ခဲ့ပြီး ယူရိုပါလိဂ် ဆက်လက်ယှဉ်ပြိုက်ရမယ့်အသင်းမှာပါမလာတော့ဘဲ ယူရိုပါလိဂ်မှ ထွက်ခွာသွားခဲ့ရပြီဖြစ်ပြီး အာဆင်နယ်အသင်း ရဲ့ ပရိသတ်တွေအနေနဲ့အတော်လေး ကြေကွဲခဲ့ကြတယ်လို့ သိရပါတယ်။

ယူရိုပါလိဂ် ပွဲစဉ်မှာ ပါဝင်လာတဲ့အသင်းတွေအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်း ၊ ရိုးမားအသင်း ၊ စပို့တင်းလစ္စဘွန်းအသင်း ၊ ဂျူဗင်တပ်စ်အသင်း ၊ ဆီဗီးလားအသင်း ၊ လေဘာကူဆင်အသင်း ၊ ဖီယင်နုအသင်း ၊ ယူနီယံစိန့်ဘာလင် အသင်း တို့ပဲ ဖြစ်ပြီး ဘယ်အသင်းအချင်းချင်းယှဉ်ပြိုင်ရမလဲဆိုတာကတော့ ဒီကနေ့ညနေမှ မဲခွဲကြမှာဖြစ်တယ်လို့သိရပါတယ်။
