(၁-၀)ဂိုးရလဒ်နဲ့အတူ အနိုင်နဲ့ပိုင်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်း

//s9.kh1.co/db/db84df9b6755f9a87034d7edfdc527116f321aa0.jpg
အားကစားသတင်းများ

 ၁၇-မတ်-၂၀၂၃ ၂am · လွန်ခဲ့သော ၂ နှစ် က

ရီးရဲလ်ဘက်တစ်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဒီကနေ့ မတ် (၁၇)ရက်နေ့ ၊ မနက် (၁၂)နာရီ (၁၅)မိနစ် မှာ ယူရိုပါလိဂ်ပွဲစဉ် အဖြစ် စပိန်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ တွေ့ဆုံခဲ့ကြပြီး အဆိုပါပွဲစဉ်ဟာ ပရိသတ်စိတ်ဝင်စားမှုအရရှိဆုံးပွဲစဉ်ဖြစ်ပြီး ရေပန်းစားနေခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုပါပွဲစဉ် မတိုင်ခင်ကလည်း ဆောက်သမ်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ချက်စတာယူနိုက်တက် အသင်းသား ကတ်စမဲရိုးဟာ အနီကတ် ထိခဲ့တဲ့အပြင် အဆိုပါပွဲမှာပဲ ကစားသမား ဂါနာချိုက အပြင်းအထန် ဒဏ်ရာရရှိခဲ့တာကြောင့်အခုပွဲစဉ်မှာ အားနည်းနေမလား ၊ ပင်ပန်းနေကြမလားဆိုတာကို ပရိသတ်က စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အခုပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ရီးရဲလ်ဘက်တစ်အသင်းတို့ဟာ ဂိုးမရှိ ရလဒ်ဖြင့် သရေကျခဲ့ပေမယ့် ဒုတိယပိုင်းအပြီးမှာတော့ မန်ချက်စတာယူနိုက်တက် ဟာ ရက်ရှ်ဖို့ ရဲ့ ဂိုးနဲ့ (၁-၀) ရလဒ်ဖြင့် အနိုင်နဲ့ပိုင်းခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ဟာ အခုလို နည်းပြတန်ဟက်ဂ် ရဲ့ လက်အောက်မှာ စနစ်တကျ ပြန်လည်တည်ဆောက်နေတာကိုမြင်ရတာ ပရိသတ်တစ်ယောက်အနေနဲ့အတော်လေး ကျေနပ်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T