ဖက်ထုတ်ဆီချက် လုပ်စားကြမယ် ...
တရုတ်ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ဖက်ထုတ်ဆီချက်ပူပူအိအိလေးကို အိမ်မှာလုပ်စားချင်တဲ့သူတွေအတွက် ဒီနေ့မှာ အရမ်းကိုအရသာရှိတဲ့ဖက်ထုတ်ဆီချက် လုပ်နည်းလေးကိုဝေမျှပေးပါမယ်နော်
အရမ်းလွယ်လို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်…

ဖက်ထုတ်ကို အသင့် လုပ်ပြီးသား ဖက်ရွက်ဝယ်သုံးရင်ပိုလွဘ်ပါတယ်နော်
အိုးထဲကို ဆီအနည်းငယ်ထည့်ထားပါ …
ဆီပူလာရင် နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူများထည့်ကြော်ပါ မီးလျော့ပြီး မပျက်မွှေပေးပါ...
အရောင်ပြောင်းလာပြီး ကြွပ်ရင် စကာဖြင့်ဆယ်ထားပါ ကျန်ခဲ့တဲ့ဆီရော ဆယ်ထားတဲ့ကြက်သွန်ဖြူရော အေးသွားပြီဆိုမှ ဆီချက်နဲ့က်သြွန်ဖြူ ပြန်ရောထားပါ ရေနွေးဆူဆူမှာ အစာထည့်ပြီးထုပ်ထားတဲ့ ဖက်ထုပ်များထည့်ပြီ ပြုတ်ပါ အသားကျက်လောက်ပြီဆို ဇကာနဲ့ဆယ်ပြီးရေပြောင်အောင်စစ်ပြီး ဆီချက်ထည့်ပါ...

ပဲငံပြာရည် အကြည်အနည်းငယ် ဆား အရသာမှုန့် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင် ကြက်ဥနဲ့ မုန်ညှင်းရွက် ထည့်ချင် ဖက်ထုပ်နဲ့အတူ ထည့်ပြုတ်နိုင်ပါသည်။
-ငြုပ်သီးဆီချက်နဲ့စားချင်ရင်တော့ ဆီချက်-ချက်တုန်းက ကြက်သွန်ဖြူ ဆယ်ပြီးမီးပိတ်ပြီး ငြုပ်သီးခွဲခြမ်းဖတ်ထည့်ပြီးမွှေပေးပါ ပြီးရင် ကြက်သွန်ဖြူပြန်ရောလိုက်ပါ
ကဲ အခုဆိုရင်တော့ အရသာရှိပြီးစားလို့ကောင်းတဲ့ ဖက်ထုတ်ဆီချက်လေး ရရှိပါပြီရှင် …