တစ်ခေတ်တစ်ခါက ခြေစွမ်းအရမ်းကောင်းခဲ့တဟကြောင့် ဘောလုံး နဲ့ အားကစားဝါသနာရှင်ပရိသတ်တွေရဲ့ ရင်ထဲအသည်းထဲက ကြယ်ပွင့်ဖြစ်ခဲ့ရသူ ၊ ဒီနေ့ဒီအချိန်ထိလည်း ပရိသတ်က သဘောကျပြီး လေးစားအားကျရသူ ၊ ဘောလုံးနဲ့ပတ်သက်လာရင် ဘာကိုမှ အတားအဆီး အလွှမ်းမိုးမခံသူကြီးကတော့ ဒိုလေး လို့သိကြတဲ့ စီရော်နယ်ဒို ပါပဲ။

အားလုံး က ဒိုလေး လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ စီရော်နယ်ဒို ဟာ လက်ရှိမှာ ဆော်ဒီ အသင်း ဖြစ်တဲ့ အယ်နက်ဆာ အသင်း မှာ ဆော့ကစားနေတာဖြစ်ပြီး ယမန်နေ့က ပွဲစဉ်ကို ဆော့ကစားအပြီးမှာတော့ ဆော်ဒီ ချန်ပီယံဖလားပွဲစဉ် ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အထိကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ယမန်နေ့က ကစားခဲ့တဲ့ပွဲမှာဆိုရင် စီရော်နယ်ဒို ဟာ အဝါကတ် ထိခဲ့ပြီး ပွဲအတွင်းသို့ဝင်လာခဲ့ချိန်ကလည်း ဒုတိယပိုင်းဖြစ်နေခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ သိရပါတယ်။ သို့ပေမယ့်လည်း သူ့ကိုတန်ဖိုးထားတဲ့ ဒီ အယ်နက်ဆာအသင်းမှာ အတော်လေးပျော်နေပုံ ပေါ်ပြီး အတော်လေးသဘောကျနေပုံ ပါပဲ။ ရော်နယ်ဒို ဟာ အယ်နက်ဆာအသင်းနဲ့အတူ ဆော်ဒီချန်ပီယံဖလားကိုရော သိမ်းပိုက်လာနိုင်မလားဆိုတာကိုတော့သေချာစောင့်ကြည့်ရမှာပါပဲ။
