ထိုင်းနှင့်လာအိုနယ်စပ် နောင်ခိုင်း တွင်နယ်ခြားအဖြစ်စီးဆင်းနေတဲ့ မဲခေါင်မြစ်အတွင်းမှ လွန်ခဲ့တဲ့ ၁၅ ရာစုနှစ်အတွင်းမှတည်ခဲ့တဲ့ ရှေးဟောင်းစေတီတော်တစ်ဆူထွက်ပေါ်လာခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အဆိုပါ စေတီတော်ဟာ ရှေးနှစ်ပေါင်း ၇၀၀ ခန့်က မဲခေါင်မြစ်ကမ်းနားမှာ တည်ဆောက်ခဲ့သည်ဟု ယူဆရပြီး ၁၈၄၇ ခုနှစ်တွင် မြစ်စီးဆင်းရာ လမ်းကြောင်းပြောင်းသွားသဖြင့် မဲခေါင်မြစ်ထဲသို့ ပြုတ်ကျခဲ့ပြီးနစ်မြုပ်သွားခဲ့သည်ဟု ယူဆခဲ့ကြပါတယ်။

ယခုအခါမှာ အဆိုပါ စေတီတော်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး မဲခေါင်မြစ်အတွင်း လှေများဖြင့်ဘုရားဖူးလာကြတဲ့ သူများဖြင့်စည်ကားလျှက်ရှိနေတယ်လို့ သိရပါတယ် ။ ပိရမစ်ပုံစံ စေတီတော်ပေါ်မှာတော့ ပန်းများနှင့် ရွှေဝတ်ရုံလွှာများကပ်လှူထားတာ တွေ့ရပါတယ်။ ပြီးတော့ အဆိုပါ စေတီတော်မှာ ဗုဒ္ဓခြေတော်ရာ အရိုးတော် ကိုးပါးကို ဌာပနာတည်ထားခဲ့တယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။
Photo Credit - Nation Thailand
Source -ဘန်ကောက်လမ်းညွန်ကိုစိုင်း