ဆားနင်းခြင်းရဲ့ အကျိုးကျေးဇူးများ

//s9.kh1.co/fd/fdcfd931ca4bbcdaf671ad34e71db8cae6010d7c.jpg
MPT Lifestyle

 ၁၅-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ပုံမှန် နေ့စဉ်လှုပ်ရှားရုန်းကန်နေရင်းနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ....

ပုံမှန် နေ့စဉ်လှုပ်ရှားရုန်းကန်နေရင်းနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ်၊ အလှအပအတွက်ပဲ ဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်မှာရှိတဲ့ အပူအပုပ်တွေ နဲ့ အဆိပ်တွေကို ဖယ်ရှားသန့်စင်ပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ဆားနင်းခြင်းနဲ့ ထုပ်လို့ရပါတယ်။ ဆားနင်းခြင်းကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ဒီနည်းက ငွေကုန်ကြေးကျမများသလို၊ ပင်ပင်ပန်းပန်း အချိန်ပေး လုပ်စရာလည်း မလိုပါဘူး။ နေ့ စဉ် အချိန်မှန် ရေချိုးခါနီးတိုင်းဆားနင်းရင် ကောင်းကျိုးတွေ အများကြီး ရမှာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cf/cfd95382fde7d7ef08b51e176e539bb2dde71dbe.jpg

ညဘက် နင်းပုံနင်းနည်းကတော့..

မနင်းခင် ခြေထောက်ကို ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ။ (ဆား ၂ပိသာ ဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ခြေထောက်က ချွေးများ ထွက်လာတာ တွေ့ရပါမယ်။ မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့ နင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ။ ခြေထောက်ကို ရေပြန်ဆေးစရာမလိုပါဘူး ။ခြေထောက်ပြောင်တာနဲ့ အိပ်ယာဝင်လို့ ရပါပြီ။

https://s9.kh1.co/__image/w=650,h=653,q=100/0a/0a739b940a27571cd48fe910697b8639b2032135.jpg

နံနက်ရေမချိုးမှီ ဆားနင်းမယ်ဆိုရင်တော့

 -  ခန္ဓာကိုယ်က အပူတွေက ခြေဖဝါးမှတစ်ဆင့် ထွက်သွားနိုင်ပါတယ်။

- ကြာကြာနင်းလျှင်ခါးမှ အပူများဆင်းသဖြင့် ခါးနာသက်သာစေနိုင်တယ်

- အထိုင်များသူ၊ ကားမောင်းများသူတွေအတွက် အညောင်းရောဂါ အကြောပိတ် အကြောတင်းခြင်းများမှ ကာကွယ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/ef/efc9570e5539a7cb2f32d58cc0c7c9d227e12cb7.jpg

- မျက်စိအာရုံစိုက်ရသူများ မျက်မှန်တတ်ရသူတွေက် မျက်စိကြည်စေပြီး မျက်လုံး ပါဝါကိုလည်း ကျစေနိုင်ပါတယ်။

- ဆံပင်ကျွတ်သူတွေ ဆံပင်ပါးစေပြီး ဆံပင်နှစ်ခွဖြစ်ခြင်းကလည်း သက်သာစေနိုင်ပါတယ်

ဆားနင်းခြင်းကို နံနက်အိပ်ယာထ တစ်ကြီမ် ညအိပ်ယာဝင် တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ တစ်လခန့်ကြာရင်တော့ ဆားအသစ်လဲပေးဖို့ လိုအပ်ပါတယ်နော် ..

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T