Arsenal ကတော့ အရှုံးကို ဘာမှန်းမသိတော့ပါဘူး။ MIKE ARTETA ရဲ့ဦးဆောင်မှုနဲ့အတူ လူငယ်တွေရဲ့ခြေစွမ်းပြမှုကြောင့် ဇယားထိပ်မှာဦးဆောင်နေတာဖြစ်ပါတယ်။ ဒီရာသီ Premier League ၂၇ ပွဲကစားပြီး ၃ ပွဲသာ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ Arsene Wenger အနားယူပြီးနောက်ပိုင်း အကောင်းဆုံးရာသီတစ်ခုလို့ပြောရမှာပါ။

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း Fullham ကို တစ်ပွဲလုံးအသာစီးကစားပြီး ၀-၃ ဆိုတဲ့ရလာဒ်နဲ့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ Gabriel, Martinelli, Odegaard တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားပြီး ဒီနိုင်ပွဲကြောင့် MIKE ARTETA ဟာ Arsena နည်းပြဘဝ နိုင်ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Arsenal ဟာ လက်ရှိ Premier League ဇယားထိပ်မှာဦးဆောင်နေပြီး ဒုတိယနေရာက Manchester City နဲ့ ငါးမှတ်အကွာမှာရှိနေပါတယ်။ နောက်ပွဲစဉ်အနေနဲ့ မတ် ၁၇ မှာ Sporting CP နဲ့ Europa League ဒုတိယကျော့ပွဲစဉ်ကိုကစားရမှာဖြစ်ပါတယ်..။





