သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ ဘယ်ကနေ ဆင်းသက်လာတာလဲ

//s9.kh1.co/16/16a0553735ca05a5e4d7c6137ced4cc82d4af605.jpg
MPT Lifestyle

 ၁၂-မတ်-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

.

သင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံတွေမှာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ သင်္ကြန်ရေဟာ နွေရာသီရဲ့ အပူဒဏ်ကို အေးမြစေတဲ့အပြင် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောပေးပါတယ်။ သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာတဲ့ ဝေါဟာရဖြစ်ပြီး သင်္ကန္တ၊ သင်္ကြန္တဟူ၍ ကူးပြောင်းတယ်လို့ အဓိပ္ပယ်ရပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဆိုလိုဒါကတော့ တပေါင်းလဟာ မြန်မာနှစ် တစ်နှစ်ကုန်ဆုံးတဲ့နောက်ဆုံးလဖြစ်ပြီး တန်ခူးလမှာ နှစ်သစ်ကြုံရတဲ့ကာလဖြစ်တာကြောင့် နှစ်သစ်ကူးပြောင်းတဲ့ ကာလ ဖြစ်ပါတယ်။ ဒါပေမယ့် သင်္ကြန်ဟာ မည်သည့်အရာကနေ ဆင်းသက် ကူးပြောင်းလာတာလဲဆိုတာကို ရှာဖွေရာမှာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းရှိခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းလေးကတော့ သင်္ကြန်ဟာ ဟိန္ဒူအယူဝါဒမှ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

Photo Credit - From Google
Photo Credit - From Google

သိကြားမင်းနှင့် ဗြဟ္မာမင်းကြီးတို့ အလောင်းအစားလုပ်ရာကနေ အငြင်းပွားခဲ့ကြပြီး သိကြားမင်းနိုင်သဖြင့် ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကိုရခဲ့ပါတယ်။ ဗြဟ္မာမင်းကြီးဟာ အလွန် တန်ခိုးကြီးလှတာကြောင့် ထိုဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချလျှင် ရေခန်းတတ်၊ မြေကြီးမှာချထားလျှင် မီးလောင်ပျက်စီးတတ်၊ လေထဲကို ပစ်လျှင်လည်း သတ္တဝါအားလုံး မီးလောင်သေကြမှာဖြစ်လို့ သိကြားမင်းဟာ မည်သည့်နေရာမှ မထားတောဘဲ တစ်နှစ်လျှင် နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားရမယ်ဆိုကာ မိန့်ဆိုခဲ့ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဗြဟ္မာမင်းရဲ့ ဦးခေါင်းပြတ်ကို နတ်မင်းတွေက အလှည့်ကျ လက်ပြောင်းကိုင်ထားရပြီး ထိုပြောင်းကိုင်ထားရတဲ့ အချိန်ကို နှစ်သစ်ကူးသင်္ကန္တ(သင်္ကြန်) ခေါ်တယ်လို့ ဟိန္ဒူရိုးရာရ ယုံကြည်ခဲ့ကြပါတယ်။ အချို့သော ဖော်ပြမှုမှာ သင်္ကြန်ဟာ နေနှင့်ကမ္ဘာလည်ပတ်ရာမှ ဆင်းသက်လာတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

မည်သို့ပင်စေကာမူ နှစ်သစ်ကို ကြိုဆိုချိန်မှာ မူလက ရေနှင့် ဆိုကြိုခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ မြန်မာတို့ရဲ့ ရှေးမှတ်တမ်းများအရ နှစ်သစ်ကို ရေဖြင့်ကြိုဆိုတဲ့ပွဲတော်အဖြစ် ပထမဆုံး စတင်ခဲ့သူကတော့ ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်မှာလို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google

သင်္ကြန်ပွဲတော်ကို မြန်မာတို့နှင့် ယဉ်ကျေးမှုခြင်းတူညီတဲ့ထိုင်း၊လာအို၊ကမ္ဘောဒီးယားတို့မှာလည်း မည်သို့ အစဉ်အလာမျိုးရှိခဲ့တာကို မသိရပေမယ့် အမည်အားဖြင့် ထိုင်းမှာ ဆောင်ခရန် (Songkran )၊ လာအိုမှာ ပီမိုင်( Pimai )၊ ကမ္ဘောဒီးယားမှာ (Chaul Chnam Thmey ) စသည်ဖြင့် အသီးသီးခေါ်ဝေါ်ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - wikipedia.org

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T