ယာဉ်မောင်းလိုင်စင်ရဖို့အတွက် ၃ နှစ်ကျော် ယာဉ်မောင်းစာမေးပွဲဖြေခဲ့ရသူ

//s9.kh1.co/04/0446c523bdc67dfbb4aa6214aa7dc09e9eb3a490.jpg
MPT Lifestyle

 ၁၀-မတ်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

၃ နှစ်ကျော်ကြီးတောင် သူမဟာ ကားမောင်း‌ဖြေဆိုခဲ့ရတာပါတဲ့.....

သင့်ဘဝမှာ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် ယာဉ်မောင်းစာမေးပွဲကို ဘယ်နှခါ ကြိုးစားဖြေခဲ့ရဖူးပါသလဲ။ တချို့ကတော့ ၁ခါ ၂ခါ ရတာရှိပေမယ့် တချို့ကတော့ ၁၀ခါကျော်လောက်မှ ရတာမျိုးတွေရှိပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ အကြိမ် ၉၀၀ ကျော်မှ သူမရဲ့ ကားမောင်းလိုင်စင်ကိုရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=481,h=346,q=100/00/009514635a2247a68e42f143ece0b602eb0a88e4.jpg
https://s9.kh1.co/__image/w=650,h=473,q=100/5f/5ff9bd9dd6224561fbbc9086b22b1f301288875f.webp

Cha Sa-soon ဟာ ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၁၈၀ ခန့်အကွာရှိ Wanju ခရိုင်က ရွာဖြစ်တဲ့ Sinchon မှာ တစ်ယောက်တည်းနေထိုင်သူဖြစ်ပါတယ်။ “Grandma Cha Sa-soon” လို့ သိကြတဲ့ ဒီအမျိုးသမီးဟာ ယာဉ်မောင်းစာမေးပွဲကို အကြိမ်ရာပေါင်းများစွာ ကျရှုံးခဲ့ပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ ဒါကြောင့်ပဲ သူမရဲ့ ၉၆၀ မြောက်ကြိမ် ကြိုးစားမှုမှာတော့ သူမရဲ့လိုင်စင်ရခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=330,q=100/cb/cbf2fdbbe2869a7c45d9a78be226a3992b124b13.jpg
https://s9.kh1.co/__image/w=600,h=396,q=100/05/05190d13e3b94ba35b29e6ba56330b8e221d9af5.jpg

သူမဟာ ၂၀၀၅ ခုနှစ်ကစပြီး သုံးနှစ်ကြာအောင် စာမေးပွဲဖြေခဲ့ရတာပါ။‌ တစ်ပတ်ကို ငါးရက်တစ်ကြိမ် ဖြေခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူမဟာ နှစ်ပတ်တစ်ကြိမ်ထိ လျော့နည်းလာပါတယ်။ ဒါပေမယ့် သူမဟာ ဘယ်တော့မှ နှုတ်မထွက်ခဲ့ပါဘူး။ သူမစာမေးပွဲ အောင်သွားချိန်မှာတော့ အွန်းလိုင်းမှာ ပျံ့နှံခဲ့ပြီး လူတွေဟာ သူမကို ကားတစ်စီးလက်ဆောင်ပေးခဲ့ကြပါတယ်။ ကျရှုံးမှုတွေဘယ်လောက်များများ ဘယ်တော့မှအရှုံးမပေးခဲ့တဲ့ သူမရဲ့စိတ်ဓာတ်ကတော့ အံ့ဩစရာပါပဲ။

https://s9.kh1.co/__image/w=600,h=369,q=100/94/943701c860e4c5841e43c15db5c2eb4c34382c59.png
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T