ထိုင်းကျောင်းသား ယူနီဖောင်းများ ၀တ်ဆင်ခဲ့လို့ ဒဏ်ရိုက်ခံရတဲ့ တရုတ်ခရီးသွားများ

//s9.kh1.co/03/0394579f571672a7235390a9fd5466fb52f87227.jpg
နေ့စဉ်သတင်းများ

 ၀၉-မတ်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ထိုင်းကျောင်းသား ယူနီဖောင်းများ ၀တ်ဆင်ခဲ့လို့ ဒဏ်ရိုက်ခံရတဲ့ တရုတ်ခရီးသွားများ

တရုတ်နိုင်ငံက နာမည်ကြီး မင်းသမီးနှင့် အဆိုတော် Ju Jingyi ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ်သွားရောက်စဉ် ထိုင်းကျောင်းသားဝတ်စုံဝတ်ထားသည့် ဓာတ်ပုံကို ဖေဖော်ဝါရီလအတွင်းက Weibo အကောင့်မှာ လွှင့်တင်ခဲ့ပြီးနောက် ထိုင်းလူမျိုးတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ Ju Jingyi ဟာ အဆိုပါ ထိုင်းကျောင်းသားဝတ်စုံဝတ်ထားတဲ့ ပုံကိုတင်ရာမှာ ထိုင်းဘာသာစကားဖြင့် သူမရဲ့ နာမည်၊ ကျောင်းသား ID နှင့် ဂျဗီကျင်းအီး 991 ဟု ရေးထားတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/7c/7c8f92f634883a34e187617af1c2d7d8b853bc49.jpg

အဲ့ဒီနောက်ပိုင်း တရုတ်ခရီးသွားအများအပြားလည်း ထိုင်းကျောင်းသားဝတ်စုံများ ဝတ်ဆင်ထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ကြသလို ဘန်ကောက်မြို့ Bang Lampoo ရပ်ကွက်ရှိ ကျောင်းသားဝတ်စုံဆိုင် Sriphan Student Uniform ကလည်း သူ့ရဲ့ တရားဝင် Facebook စာမျက်နှာပေါ်မှာ လာရောက်အားပေးတဲ့ တရုတ်ဖောက်သည်များရဲ့ ဓာတ်ပုံများပါ တင်ခဲ့ပါတယ်။

Photo Credit – From thethaiger
Photo Credit – From thethaiger
Photo Credit – From thethaiger
Photo Credit – From thethaiger

ထိုင်းနာမည်ကြီး ရှေ့နေတစ်ဦးဖြစ်သူ Ratchapon Sirisakorn က ကျောင်းသားဝတ်စုံများနှင့် ပတ်သက်သည့် ထိုင်းဥပဒေအား သတိပြုဖို့ တရုတ်ခရီးသွားများအား တိုက်တွန်းခဲ့ပါတယ်။ ကျောင်းသားယူနီဖောင်းကို ၀တ်ဆင်ထားပေမယ့်လည်း ကျောင်းသားအဆင့်အတန်းမရှိပါက ဒဏ်ငွေ ဘတ် ၁၀၀၀ ပေးဆောင်ရမည်ဟု Ratchapon က သတိပေးထားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ခရီးသွားများနှင့် ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောလိုသော အခြားသူများ အနေဖြင့် ယူနီဖောင်းပေါ်မှာ မည်သည့်စာတိုကိုမဆို ထည့်သွင်းခြင်းမှ ရှောင်ကြဉ်ဖို့ ၊ ၎င်းတို့ရဲ့ အမည်များကိုသာ ထည့်သွင်းဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။

Photo Credit – From thethaiger
Photo Credit – From thethaiger

သတင်း အရင်းအမြစ် Source – thethaiger

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T