နန်းကြီးသုပ်ကောင်းကောင်းလေးသုပ်စားကြမယ်…

//s9.kh1.co/39/39bcbcfa81f38eec88bfa30fafe5a6fe3badb8d4.jpg
MPT Lifestyle

 ၁၅-မတ်-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

မန်းမြေလက်ရာ နန်းကြီးသုပ်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်…

မန်းလေးစတိုင်နန်းကြီးသုပ်ကိုမှ မနက်စာအနေနဲ့စားချင်သူတွေအတွက် ဒီတစ်ခေါက်မှာတော့အရသာရှိပြီးစားလို့ကောင်းတဲ့ မန်းမြေလက်ရာ နန်းကြီးသုပ်လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်…

ပါဝင်ပစ္စည်းများ

_ နန်းကြီးဖက်၊ ကြက်သား၊ ကြက်သွန်နီဆီချက်၊ ပဲမှုန့်၊ ငရုတ်သီးဟင်းချက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ငံပြာရည်အနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ကြက်သွန်နီ၊ နံနံပင် ၊ မြေပဲဆံ ၊ မကျည်းသီး ၊ ကြက်ဥပြုတ်

ပြုလုပ်ပုံအဆင့်ဆင့်

https://s9.kh1.co/__image/w=650,h=366,q=100/07/0776d8f190990307ac8ca58c8255a7ec152f959f.jpg

(၁) ဒယ်အိုးထဲကို ငရုတ်သီးဟင်းချက်မှုန့် ထည့်ပြီး ဆီသပ်ပါ။ ကြက်သားများကို နုတ်နုတ်စဉ်းပြီး အရသာနယ်ကာ ဆီသပ်ပါ။

(၂) ကြက်သွန်နီနဲ့ နံနံပင်ကို ပါးပါးလေးလေးလှီးထာပါ (အသုပ်သုပ်ရန် အစာပလာအနေနဲ့သုံးမည်)

(၃) ကြက်သွန်နီများကို ဆီချက်ချက်ထားပါ

(၄) မကျည်းရည်ဖျော်ထားပါ

(၅) အားလုံး အဆင်သင့်ဖြစ်ရင် စပြီးသုပ်လို့ရပါပြီနော်

https://s9.kh1.co/__image/w=650,h=366,q=100/35/357e63dec6467d7ed61868215f20c6d60f00a75f.jpg

(၆) ဇလုံထဲကို နန်းကြီးဖက်များ ထည့်ပါ၊ မကျည်းရည်ထည့်ပါ၊ ကြက်သားဆီထည့်ပါ ၊ ဆီချက်ဆီနည်းနည်းထည့်ပါ၊ ကြက်သွန်နဲ့နံနံပင်ထည့်ပါ၊ မြေပဲဆံထောင်းထားတာထည့်ပါ၊ ငံပြာရည်နဲ့ငရုတ်သီးမှုန့်ထည့်ပါ၊ပဲမှုန့်အနည်းငယ်ထည့်ပါ။ အားလုံးပြီးရင် နှံ့အောင်နယ်လို့ရပါပြီနော်…

နယ်ပြီးသွားတဲ့အခါ အပေါ်ကနေကြက်သားဖက်တွေနဲ့ ကြက်ဥပြုတ်ထည့်ကာ မုန့်ကြွပ်များကို ဖြူးထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရမ်းအရသာရှိတဲ့ နန်းကြီးသုပ်ကောင်းကောင်းလေးရပါပြီ…( အစာပလာများများကြိုက်ပါက ငါးဖယ်များလည်းထပ်ထည့်နိုင်ပါတယ်နော်)

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T