စတုဒီသာတွေမှာ ဘဲဥနဲ့ ပဲကုလားဟင်းကျွေးတယ်ဆိုရင် အားလုံးက ပြေးပြီး စားချင်ကြတာ အသေချာပါပဲ...အထူးသဖြင့် မြန်မာရိုးရာ ပွဲတော်အခမ်းနားရက်တွေမှာ ကျွေးလေ့ရှိတဲ့ ဘဲဥ ကုလားဟင်းက ဘယ်နှစ်မဆို မရိုးတဲ့ အစားစာတစ်မျိုးပါ...ဆိုတော့ ဒီနေ့မှာအရမ်းကိုစားလို့ကောင်းပြီး ထမင်းမြိန်တဲ့ ဘဲဥကုလားဟင်းကို အတူတူချက်စားရအောင်နော်

ဘဲဥ(ဘဲဥမကြိုက်ပါက ကြက်ဥနဲ့ချက်ပါ) ပြုတ်ထားပါ
ခရမ်းသီးလှီးထားပါ
မန်ကျည်းမှည့် ဖျော်ထားပါ
ကြက်သွန်နီ / ဖြူ ငရုတ်သီးအရောင်တင်မှုန့် ဆီသတ်ပါ
ငံပြာရည် ဆား အချိုမှုံ့ ထည့်ပါ

ရေနည်းနည်းထည့်ပါ
ရေဆူလာလျှင် ဘဲဥပြုတ် ထည့်ပါ ( ဘဲဥကိုအရာလေးပေးပြီးထည့်ပါ)
ခရမ်း သီး ထည့်ပါ
ခရမ်းသီးနူးလျှင် မန်ကျည်းမှည့် ဖျော်ထားတာ ထည့်ပါ
မဆလာ ထည့်ပါ...
ဒါဆိုရင်တော့သိပ်ကိုအရသာကောင်းပြီး ထမင်းမြိန်တဲ့ဘဲဥကုလားဟင်းရပါပြီနော်... စတုဒီသာရဲ့ အနှစ်သာရကို အမှတ်ရ တမ်းတစေမယ့် ဟင်း တစ်ခွက်မလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်