ပူပူနွေးနွေး ဝက်လက်စွပ်ပြုတ်အိအိလေး

//s9.kh1.co/8b/8b2df46d1abc56fff6674dbce2386ff659dbbece.jpg
MPT Lifestyle

 ၁၀-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ဝက်လက်စားရင် ခန္ဓာကိုယ်အတွက် လည်း အကျိုးရှိစေတာတွေများတာမလို့ အတူတူ ချက်စားကြည့်ရအောင်...

ဝက်လက်အကြီးကြီးတွေဝယ်ပြီး အိမ်မှာ စွပ်ပြုတ်လုပ်စားရအောင်နော်...ဝက်လက်က ကော်လဂျင်ဓာတ်လည်း အများကြီးပါတဲ့အပြင် ဝက်လက်စားရင် ခန္ဓာကိုယ်အတွက် လည်း အကျိုးရှိစေတာတွေများတာမလို့ အတူတူ ချက်စားကြည့်ရအောင်...

၀က်လက် တစ်ချောင်း(သန့်စင်ပြီး အနေတော်တုံးပြီး ဆားဆနွင်းနယ်ထားပါ)

ကြက်သွန်ဖြူ၊ ကြက်သွန်နီ အနည်းငယ် (မညက်တညက်ထောင်းထားပါ)

စပါးလင်နုနု အနည်းငယ် (တစ်ဝက်ကို ထောင်းထားပါ။ တစ်ဝက်ကို အထုံးလေး လုပ်ထားပါ)

ငံပြာရည် အနည်းငယ်

https://s9.kh1.co/__image/w=650,h=366,q=100/f7/f7fbc4bca73bdd24661a7b662a670a982a3b6e7c.jpg

ပဲငံပြာရည် (ကြာညို့ ) အနည်းငယ် လိုအပ်ပါတယ်။

ပြီးရင်တော့ ၀က်လက်အတုံးလေးတွေကို ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ စပါးလင် ၊ ငံပြာရည် ၊ ပဲငံပြာရည် တို့ ထည့်ပြီး နယ်ပါ။ ချက်မယ့် အိုးထဲထည့်ပါ။ စပါးလင် အထုံးလေးပါ ထည့်ပေးပါ။

အကုန်အိုးထဲရောက်ပြီဆိုရင်တော့ အညှီနံ့လေးပျောက်အောင် ရေမထည့်သေးဘဲ ခဏလေး လုံးပေးပါ။အသားထဲက အရည်လေးတွေ ခမ်းပြီး အသားအပေါ်ယံတင်းလာပြီဆိုမှ ရေထည့်ပါ။

https://s9.kh1.co/__image/w=650,h=399,q=100/5f/5f5127f88097730eadd6d70782c6caa32e46a2e1.jpg

ရေထည့်ရင်တော့ အသားမြှုပ်တဲ့အထိ ထည့်ပါ။ အဖုံးအုပ်ပြီး ဟင်းရေတွေ ဆူပြီး ဝေမကျအောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

ရေနှစ်ခါလောက်ထည့်ပြီးရင်တော့ နူးပါပြီ။ ၀က်လက်နုနုကလည်း ၀က်ခြေထောက်ထက်စာရင် အနူး ပိုမြန်ပါတယ် ။

၀က်လက်စွပ်ပြုတ်ကို နံနံ၊ ငရုတ်ကောင်းမှုန့်၊ သံပုရာသီး ၊ ငရုတ်အလှော်တို့ ထည့်ပြီး ကြိုက်နှစ်သက်သလို ပြင်ဆင်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

အရမ်းရမ်းကို အရသာရှိပြီး ထမင်းလည်းရှယ်မြိန်စေမှာမလို့ လုပ်စားကြည့်ကြဦးနော် ...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T