အချစ်တွေကို ချက်ကျွေးမယ့် ကြက်သည်းမြစ် ဆီပြန်တစ်ခွက် …

အသည်းနှလုံးမှစားချင်တယ်ဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ အရမ်းကိုစားလို့ကောင်းပြီး ထမင်းလည်းမြိန်မယ့် ဟင်းတစ်ခွက်မလို့ အားလုံးအတူတူလုပ်စားကြည့်ရအောင်နော် …
ကြက်အသဲအမြစ်မကြိုက်ပါဘူးဆိုတဲ့သူတောင်စားပြီးလျှာလည်သွားမှာပါနော် အရင်ဆုံးကြက်အသဲမြစ်ကို အချိုမှုန့်/ဆား/ခရုဆီ/မဆလာနယ်ပြီးခဏ ရေခဲသေတ္တာထဲနှပ်ထားပေးပါ။

ကြက်သွန်ဖြူ/နီ/ဂျင်း/ငရုပ်ပု ကိုအဆင့်သင့်ပြင်ပေးထားပါ။ငရုပ်ပုနဲ့ဂျင်းရော်ထောင်းပေးပါ။ ပြီးရင်ပုံမှာပါတဲ့အတိုင်းဆီသက်ပါ။ဆီသတ်တဲ့အခါ မဆလာလေးပါထည့်သတ်ပါဆီကိုနာနာသတ်ပါ။
ပြီးရင် ကြက်အသဲမြစ်ထည့်ပါ။ ရေမထည့်ဘဲသူ့ရေကုန်သွားတဲ့အထိ ချက်ပါ။လိုအပ်ရင်လဲရေနဲနဲထည့်ပေးပါ။ရေခမ်းပြီးကပ်သွားပြီဆို မဆလာလေးနဲနဲထပ်အုပ်ပေးပါ။။။ ကဲ စားကောင်းတဲ့ကြက်အသဲမြစ်ဟင်းလေးရပါပီနော်
အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်မယ့် ဟင်းလေး မလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်