ဝက်နံရိုးမီးတောက်ကြီးလုပ်စားကြမယ်…
ဝက်နံရိုးမီးတောက်ဆိုတာနဲ့ အားလုံးသဘောကျမယ်လို့ထင်ပါတယ် ကဲ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး အိမ်မှာ အားရပါးရတဝစားလို့ရအောင် လိုက်ချက်ကြည့်ဦးနော်၏
ဝက်နံရိုး ပြုတ်ရန် ပါဝင်ပစ္စည်းများ - ဝက်နံရိုး (သို့) ဝက်လည်ပင်ရိုး - ၈၀ကျပ်သား (ရေသန့်စင်အောင် ဆေးထားပေးပါ) - ဆား - စားပွဲတင်ဇွန်း ၁ဇွန်း - ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ဇွန်း - ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း - အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း - ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း - ရေ - ၂လီတာခွဲ - စပါးလင် (သို့) ပဒယ်ဂေါ - ၂ပင် (ပါးပါးလှီးထားပါ) - ကြက်သွန်ဖြူချဉ် - ၁ခု - ကြက်သွန်နီ - ၁လုံး (ထပ်ခြမ်းခြမ်းထားပါ) - နံနံပင် အမြစ် - လက်တဆုပ်စာ

ဟင်းချက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း - အတောင့် ၃၀ (ညက်အောင် ထောင်းထားပါ) - သံပရာသီး - ၇လုံး (အစေ့ထုတ်ထားပါ) - နံနံပင် - စည်းဝက် (ပါးပါးလှီးထားပါ) - ကြက်သွန်မြိတ် - ၁စည်း (ပါးပါးလှီးထားပါ) - ရှောက်ရွက် - စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ) - ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃ဇွန်း
ဝက်နံရိုး ပြုတ်နည်း

၁။ အရင်ဆုံး ဝက်နံရိုးများကို သန့်စင်အောင် ဆေးထားပေးပါ။ အတုံးရှည်များ ပိုင်းဖြတ်ပါ။ ၂။ ဝက်နံရိုးကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်ထားပေးပါ။ ၃။ ပြီနောက် ဒယ်အိုးကြီးထဲ ရေ၂လီတာခွဲ ထည့်ပြီ ဆူအောင် တည်ထားပါ။ ၄။ ဆူလာလျှင် ဆား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။ ၅။ ပြီနောက် ဝက်နံရိုးများကို ထည့်ပြီ ပြုတ်ပေးရမှာပါ။ ၆။ ပြီမှ နံနံပင်အမြစ်၊ ကြက်သွန်ဖြူချဉ်၊ ကြက်သွန်နီ၊ စပါးလင်(သို့)ပဒယ်ဂေါ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။ ရ။ အရသာအတွက် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်များ ထည့်ပေးပါ။ ၈။ ထို့နောက် ဝက်နံရိုးပြုတ်ရည် ဆူအောင် ပြန်တည်ထားပြီ ဆူလာလျှင် ပြုတ်ရည်မှ အမြုပ်များကို ဇွန်းဖြင့် ဖယ်ပေးပြီ မီးလျှော့လိုက်ပါ။ ၉။ မီးနည်းနည်းဖြင့် slow cook ၁နာရီခွဲမှ ၁နာရီ၄၅မိနစ်ခန့် တည်ပေးရမှာပါ။

၁၀။ ဝက်နံရိုးများ နူးအိပြီဆိုလျှင် နံရိုး မီးတောက်ကို စတင်ပြင်ဆင်ပါတော့မည်။ နံရိုး မီးတောက်ပြုလုပ်နည်း ၁။ ဒယ်အိုးထဲမှ နံရိုးများကို ဇောက်ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ၂။ ပြီလျှင် ထောင်းထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှောက်ရွက် တို့ကို ဝက်နံရိုးပေါ်မှ ဖြူးပေးလိုက်ပါ။ ၃။ ပြီနောက် ဝက်နံရိုးပြုတ်ရည် (၃ခွက်) စာကို ငါးငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သံပရာရည် (စားပွဲတင်ဇွန်း ၇ဇှနျး) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ၄။ ပြီမှ ရောမွှေထားတဲ့ ပြုတ်ရည်များကို ဝက်နံရိုးပေါ်သို့ ပူပူလေး လောင်းချပေးပြီ အရသာရှိသော နံရိုးမီးတောက် ချဉ်စပ် ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ...





