သမီးအငယ်ဆုံးလေးနဲ့အတူပွဲတက်ပြီး ပရိသတ်တွေရဲ့ အာရုံကိုဖမ်းစားလိုက်တဲ့ David Beckham

//s9.kh1.co/ec/ec94fc3cbf554da2131946330c350142e1b4b1c2.jpg
အားကစားသတင်းများ

 ၀၄-မတ်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

Beckham တို့မိသားစုဟာ ဓာတ်ပုံလည်းအတူ ပျော်ရွှင်စွာ တွဲရိုက်ခဲ့ကြပြီး.....

နာမည်ကြီး ဘောလုံးအကျော်အမော်တစ်ယောက်ဖြစ်တဲ့ David Beckham ဟာ ချစ်ဇနီး Victoria ကို အားပေးဖို့ Fall/Winter Paris Fashion Week catwalk ရှိုးပွဲကို  သောကြာနေ့က အင်အားအပြည့်နဲ့ တက်ရောက်ခဲ့ပါတယ်။Beckham ဟာ အငယ်ဆုံးသမီးလေးဖြစ်တဲ့ Harper နဲ့ အတူတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=611,q=100/81/81c6338bc31e775d1706e423c15543ca9b2087d7.avif

သားအဖနှစ်ယောက်လုံးဟာ လုံးဝကို စမတ်ကျလွန်းနေခဲ့ပြီး ပရိသတ်တွေကလည်း နှစ်ယောက်အတူတက်လာတဲ့ မြင်ကွင်းလေးကို နှစ်သက်သဘောကျခဲ့ကြပါတယ်။ (၁၁) နှစ်အရွယ်သမီးလေး Harper ဟာ Beckham ရဲ့ သမီးဖြစ်တဲ့အလျောက် ငယ်ငယ်လေးနဲ့ စမတ်ကျနေခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=634,h=952,q=100/c1/c1ea89acc697ceb8f6ea52a4fbdda93d3d9c394e.avif

ထိုပွဲကို အားပေးဖို့အတွက် Beckham ရဲ့ သား Brooklyn Beckham နဲ့ ချွေးမဖြစ်သူ Nicola Peltz တို့လည်း တက်ရောက်ခဲ့ကြပြီး မိသားစုတွေပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံကျခဲ့ကြပါတယ်။ဓာတ်ပုံလည်း အတူတွဲရိုက်ခဲ့ကြပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ Beckham ကိုလည်း ပရိသတ်တွေက အားကျခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=634,h=951,q=100/1e/1e8b139a259bb83a58804578110562832240f8b6.avif
https://s9.kh1.co/__image/w=634,h=683,q=100/06/06dc2e005db024957b05f12f51524f7b2ef24d0c.avif

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T