ဖူးခက်က ချမ်းသာတဲ့ သူဌေးသားတစ်ဦးနှင့် လက်ထပ်လိုက်တဲ့ ထိုင်းနိုင်ငံက အချောဆုံးလိင်ပြောင်းအလှမယ်

//s9.kh1.co/5d/5d2b528e6638f035cec90d71d9f052c888b2d2bb.jpg
နေ့စဉ်သတင်းများ

 ၀၃-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

ဖူးခက်က ချမ်းသားတဲ့ သူဌေးသာတစ်ဦးနှင့် လက်ထပ်လိုက်တဲ့ ထိုင်းနိုင်ငံက အချောဆုံးလိင်ပြောင်းအလှမယ်

ထိုင်းနိုင်ငံရဲ့ အချောဆုံး လိင်ပြောင်းဖြစ်တဲ့ မင်းသမီး၊ မော်ဒယ်နှင့် အလှဘုရင်မ Poy Treechada Petcharat ဟာ ဖူးခက်ရှိ ချမ်းသာတဲ့ သူဌေးသားတစ်ဦးနှင့် ဗုဒ္ဓဟူးနေ့မှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit - TheNationThailand
Photo Credit - TheNationThailand

Poy ဟာ အသက် ၁၈ နှစ် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က Miss Tiffany နှင့် Miss International Queen ပြိုင်ပွဲများမှာ ပထမဆုကိုရရှိခဲ့ပါတယ်။ ပြိုင်ပွဲပြီးတဲ့နောက်ပိုင်း သူမဟာ ထိုင်းနိုင်ငံရဲ့ ဒေသတွင်းရှိ ဖျော်ဖြေရေးနယ်ပယ်များမှာ ဝင်ရောက်ခဲ့သလို ဂီတဗီဒီယိုများမှာလည်း မော်ဒယ် ၊ သရုပ်ဆောင်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand

၂၀၁၃ ခုနှစ်မှာတော့ သူမဟာ Universal Artist Management Company အတွက် Zhang Jiahui၊ Gu Tianle နှင့် Liu Qingyun တို့လိုမျိုး သရုပ်ဆောင်များနှင့်အတူ ဟောင်ကောင်ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ ပြီးတော့ လိင်ပြောင်းအမျိုးသမီးဖြစ်တာနဲ့ အညီ သူမဟာ LGBTQ+ တွေကို အခိုင်အမာ ထောက်ခံအားပေးသူလည်းဖြစ်ပါတယ်။

Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand

Poy လက်ထပ်ခဲ့တဲ့ ချစ်သူ Oak Bhavagha Hongyok ရဲ့ မိဘများဟာ တရုတ်ရွှေ့ပြောင်းနေထိုင်သူများဖြစ်ပြီး တော်ဝင်မျိုးရိုး "Hong Yok" ဖြင့် အပ်နှင်းခြင်းခံရတဲ့ မိသားစုလည်းဖြစ်ပါတယ်။ ပြီးတော့ ပြည်နယ်အတွင်း သံဖြူတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်ပြီး သက်တမ်း ၈၄ နှစ်ရှိ တရုတ်-ကိုလိုနီပိုင် ပြတိုက်တစ်ခု၊ နာမည်ကြီး စားသောက်ဆိုင်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand

သတို့သမီးနှင့်သတို့သားတို့ရဲ့ အခမ်းအနားအတွက် ဘတ်ငွေသန်း ၂၀ ခန့်ကုန်ကျခံပြီး လွန်ခဲ့တဲ့ ရာစုနှစ်ခြောက်ခုက ဒေသတွင်းသို့ တရုတ်ရွှေ့ပြောင်းအခြေချသူများရဲ့ ပထမဆုံးစတင်ခဲ့တဲ့ Peranakan ရိုးရာအတိုင်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။  

Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand
Photo Credit - TheNationThailand

Poy ဟာ ရွှေချည်၊ ရှေးဟောင်းရွှေလက်ဝတ်ရတနာများနှင့် ချည်နှောင်ထားတဲ့ ရိုးရာ “Baba” သတို့သမီးဝတ်စုံအပြင် ရနောင်းခရိုင်မှ လက်မှုပညာသမားများက ရွှေစင်ဖြင့်ပြုလုပ်ထားတဲ့ “ဟွာကွမ်း” သို့မဟုတ် ပန်းသရဖူကိုလည်း ၀တ်ဆင်ထားပါတယ်။  အဆိုပါ သရဖူကိုလုပ်ရာမှာလည်း အချိန် ၃ လခန့်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

Photo Credit - TheNationThailand
Photo Credit - TheNationThailand

သတို့သမီးဝတ်ဆင်ခဲ့တဲ့ ဖိနပ်ကလည်း နာမည်ဆရာကြီး Sorapol Thirawong က ဒီဇိုင်းဆွဲပြီး သဘာဝရွှေရောင်ဖြစ်အောင် အကောင်းမွန်ဆုံး သြစတြေးလျသိုးသားရေဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။သတို့သမီးနဲ့ သတို့သားရဲ့ မင်္ဂလာဝတ်စုံကို ပြီးအောင်လုပ်ဖို့ လနဲ့ချီကြာခဲ့ပါတယ်။Poy နဲ့ Oak တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာ အနှစ် ၂၀ ရှိပါပြီ။ Oak ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ အစ်ကိုလည်းဖြစ်တယ်လို့ သိရပါတယ်။

Photo Credit - TheNationThailand
Photo Credit - TheNationThailand

သတင်း အရင်းအမြစ် Source - TheNationThailand

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T