အမျိုးသမီးတွေ အတွင်းခံဝတ်ဆင်တာက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကာကွယ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သတိမမူခဲ့ရင်တော့ ကျန်းမာရေး ပြဿနာ ဆိုးဆိုးရွားရွားတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့ကြောင့် အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ ဘယ်လိုအမှားတွေကို ပြုလုပ်လေ့ရှိလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ဝတ်ပြီးသား အတွင်းခံကို ပြန်ဝတ်ခြင်း။

ဝတ်ပြီးသားအတွင်းခံကို ပြန်ဝတ်တာ လူမမြင်တဲ့အရာတွေဖြစ်တဲ့အတွက် အရေးမကြီးဘူးလို့ ယူဆကြပေမယ့် ဒီလို ဝတ်ဆင်ခြင်းက ဆီးလမ်းကြောင်းရောဂါ၊ အဖြူဆင်းတာ၊ မိန်းမကိုယ်ယားယံတာတွေကတဆင့် ရောင်ရမ်းပိုးဝင်တာတွေအထိ ဖြစ်စေတတ်ပါတယ်။
ကိုယ်နဲ့ Size မတော်တာကို ဝတ်ခြင်း။

အရေပြားမှာ အရာထင်လောက်အောင် ကျပ်တဲ့ အတွင်းခံ ဘောင်းဘီတွေက လေဝင်လေထွက်မကောင်းသလို သက်တောင့်သက်တာလည်း မဖြစ်စေပါဘူး။
အတွင်းခံကို အနံ့ပါတဲ့ ဆပ်ပြာနဲ့ လျှော်ခြင်း။

အနံ့မွှေးတဲ့ အဝတ်လျှော်ဆပ်ပြာတွေက ဓာတုပစ္စည်းပါဝင်မှု ပိုများတဲ့အတွက် အရေပြား ယားယံတာတွေဖြစ်စေပါတယ်။
ကိုယ်နဲ့သင့်တော်အဆင်ပြေမယ့် အတွင်းခံကို ရွေးဝယ်ပြီး ကျန်းမာရေးပြသနာတွေမဖြစ်ရအောင် တစ်ကိုယ်ရေသန့်ရှင်းမှုကိုလည်း ဦးစားပေး ဆောင်ရွက်ဖို့ မမေ့ကြနဲ့နော် ....